NPC
နိုင်ငံတကာအသိုက်အဝန်းက “ထိုင်ဝမ်ခွဲထွက်ရေး” ဆန့်ကျင်မှု ပို၍ ထင်ရှားလေ၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးက ပို၍ အာမခံမှုရှိလေ ဖြစ်သည်ဟု ဝမ်ရိ ပြောကြား
ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ထိုင်ဝမ်အရေးနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို မတ် ၈ ရက်တွင် ကျင်းပသည့် အစည်းအဝေးကြီးနှစ်ရပ် သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားခဲ့သည်။
ဝမ်ရိက ထိုင်ဝမ်သည် ရှေးပဝေသဏီကပင် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်ဖြစ်ရာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကာလများတွင် မည်သည့်နိုင်ငံဟူ၍ လုံးဝဥဿုံ မဖြစ်နိုင်ကြောင်း၊ တရုတ်နိုင်ငံသို့ ထိုင်ဝမ်ပြန်လည်ရောက်ရှိခြင်းမှာ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေး စစ်ပွဲ၏ အောင်မြင်မှုရလဒ် ဖြစ်သလို ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း၏ အသီးအပွင့်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကိုင်ရိုကြေညာချက်” ၊ “ပေါ့စ်ဒမ်ကြေညာချက်” ၊ “ဂျပန်လက်နက်ချအညံ့ခံခြင်း စာချုပ်” ၊ ကုလသမဂ္ဂညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ စသည့် နိုင်ငံတကာ ဥပဒေစာရွက်စာတမ်းအားလုံးတွင် ထိုင်ဝမ်၏ နေရာအနေအထားကို ခိုင်ခိုင်မာမာ သော့ခတ်နှိပ်ထားပြီ ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် “တရုတ် နှစ်နိုင်ငံ” ၊ “တရုတ်တစ်နိုင်ငံ၊ ထိုင်ဝမ်တစ်နိုင်ငံ” ဟူသော ကြံစည်ကြိုးပမ်းမှုအားလုံးမှာ မုချမသွေ ရှုံးနိမ့်မည်သာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) အာဏာပိုင်များ “ထိုင်ဝမ်ခွဲထွက်ရေး” ရပ်တည်ချက်အား ခေါင်းမာစွာ စွဲကိုင်ထားခြင်းသည် ထိုင်ဝမ်ရေလက်ကြား၏ တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးသည့် ပြဿနာအရင်းအမြစ် ဖြစ်ကြောင်း ဝမ်ရိက ထောက်ပြ ပြောကြားခဲ့သည်။
ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ဖြစ်သလို တရုတ်နိုင်ငံ ဗဟိုအကျိုးစီးပွားများအနက် အချက်အချာဖြစ်ကြောင်း၊ ထို အနီရောင်စည်းမျဉ်းကို ကျော်ဖြတ် သို့မဟုတ် နင်းချေ၍ မရကြောင်း၊ ဝမ်ရိက အလေးထားပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် မည်သူ၊ မည်သည့် အင်အားစုကမျှ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော်ကပင် ပြန်လည်ရရှိပြီးဖြစ်သည့် ထိုင်ဝမ်အား တရုတ်နိုင်ငံမှ ခွဲထွက်ရန် ထပ်မံလုပ်ဆောင်ခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းတွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား အခိုင်အမာလက်ကိုင်ထားခြင်းအတွက် တစ်ခဲနက် သဘောတူညီမှုရှိပြီး ဖြစ်ကြောင်း ၊ ပိုမိုများပြားလှသော နိုင်ငံများက တရုတ်နိုင်ငံနှင့်အတူ ရပ်တည်ကာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုက်နက်ဖြစ်သည်ကို အသိအမှတ်လက်ခံသည့်အပေါ် ထပ်မံအလေးထားပြောကြားကြသလို “ထိုင်ဝမ်ခွဲထွက်ရေး” လုပ်ရပ်မှန်သမျှကိုလည်း အတိအလင်း ဆန့်ကျင်ကန့်ကွက်ကာ တရုတ်နိုင်ငံပေါင်းစည်းရေးလုပ်ငန်းကြီးကို ထောက်ခံအားပေးကြကြောင်း၊ ယင်းမှာ “ခွဲထွက်ရေး” ကို ဆန့်ကျင်၍ ပေါင်းစည်းရေးကို မြှင့်တင်ခြင်းသည် ခေတ်ကာလရေစီးကြောင်းနှင့် လိုက်လျောညီထွေဖြစ်သည်ကို ဖော်ပြသလို နိုင်ငံတကာ မျှော်လင့်ချက်နှင့်လည်း ကိုက်ညီကြောင်း၊ ထိုင်ဝမ်အရေးဖြေရှင်းသည့်၊ အမိနိုင်ငံ အပြည့်အဝပေါင်းစည်းမှုကို ဖော်ဆောင်သည့် သမိုင်းဖြစ်စဉ်မှာ တားဆီး၍ မရကြောင်း၊ ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေဖြစ်သူသည် တိုးတက်စည်ပင်၍ ဆန့်ကျင်သူသည် ပျက်သုဉ်းမည် ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
两会·外长记者会|王毅:国际社会反对“台独”越鲜明,台海和平稳定就越有保障
新华社北京3月8日电 中共中央政治局委员、外交部长王毅8日在两会记者会上就台湾问题阐述立场。
王毅表示,台湾自古以来就是中国领土,过去、现在和将来都绝无可能成为什么国家。台湾回归中国是中国人民抗日战争胜利成果,也是二战胜利果实。《开罗宣言》、《波茨坦公告》、《日本投降书》、联大第2758号决议等一系列国际法律文件都已将台湾地位牢牢锁定。任何在国际上制造“两个中国”“一中一台”的图谋都注定失败。
王毅指出,民进党当局顽固坚持“台独”分裂立场,是破坏台海和平稳定的祸根乱源。事实一再证明,国际社会反对“台独”分裂的立场越鲜明,坚持一个中国原则的立场越坚定,台海的和平稳定就越有保障。
王毅强调,台湾问题是中国的内政,是中国核心利益中的核心,这一红线不容逾越或踩踏。我们绝不允许任何人、任何势力把80多年前早已光复的台湾再次从中国分裂出去。国际社会已形成坚持一个中国的压倒性共识。越来越多的国家和中国站在一起,不仅重申坚持一个中国原则、承认台湾是中国的领土,还明确反对一切“台独”分裂行径,支持中国的统一大业。这充分说明,反“独”促统顺应时代大势,也符合国际期待。解决台湾问题、实现祖国完全统一的历史进程不可阻挡。顺之者昌,逆之者亡。(完)
1. 3月8日,十四届全国人大四次会议在北京梅地亚中心新闻发布厅举行记者会。中共中央政治局委员、外交部长王毅就“中国外交政策和对外关系”相关问题回答中外记者提问。 新华社记者 王曦 摄
