Asia
ထိုင်းဘုရင် နန်းတက်ပွဲကို မေလတွင် ပြုလုပ်မည်
ဘန်ကောက်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ၏ ဘုရင် မဟာ ဗာဂျီရယ်လောင်ကွန်း (Maha Vajiralongkorn) သည် နန်းတက်ပွဲအခမ်းအနားများအား မေလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပကာ ထီးနန်းတက်မည် ဖြစ်ကြောင်း တော်ဝင်အိမ်တော်ဗျူရိုက ဇန်နဝါရီလ ၁ ရက်က ပြောကြားခဲ့သည်။
“တော်ဝင်အစဉ်အလာတွေအရ နန်းတက်ပွဲအခမ်းအနား လုပ်ဖို့ အချိန်အခါသင့်ပြီလို့ ဘုရင်မင်းမြတ်က မှတ်ယူထားတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် နန်းတော်က ပြောကြားခဲ့သည်။
ပြုလုပ်မည့် အခမ်းအနားများတွင် နန်းတက်ပွဲအခမ်းအနားလည်း ပါဝင်မည် ဖြစ်သည်။
ဗာဂျီရယ်လောင်ကွန်းသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ၎င်း၏ဖခင် ဘူမိဘောအဒူယာဒတ် နတ်ရွာစံပြီးနောက် လွှတ်တော်မှ ဖိတ်ခေါ်ချက်ဖြင့်၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ထိုင်းနိုင်ငံ၏ ထီးနန်းကို ဆက်ခံခဲ့သည်။ (Xinhua)