International Organizations
ဖိလစ်ပိုင်အသင်းနှင့် မြောက်ကိုရီးယားအသင်း အမျိုးသမီး ကမ္ဘာ့ဖလားဝင်ခွင့် ရရှိ
ဆစ်ဒနီ၊ မတ် ၂၀ ရက် (ဆင်ဟွာ)
ဩစတြေးလျနိုင်ငံ ဂိုးလ်ကို့စ် အားကစားကွင်း၌ မတ် ၁၉ ရက်က ကျင်းပသော အမျိုးသမီး အာရှဖလား ပလေးအော့ဖ်ပွဲစဉ်များတွင် ဖိလစ်ပိုင်အသင်းနှင့် မြောက်ကိုရီးယားအသင်းတို့ အနိုင်ရရှိပြီးနောက် ၂၀၂၇ ခုနှစ် ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ခွင့် ရရှိခဲ့ကြကြောင်း သိရသည်။
ဒုတိယပိုင်းစတင်ပြီးနောက်တွင် အန်ဂျလာ ဘာ့ဒ်နှင့် ဂျက်ကလင်း ဆာဝစ်ကီတို့၏ သွင်းဂိုးများနှင့်အတူ ဖိလစ်ပိုင်အသင်းက ဥဇဘက်ကစ္စတန်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ၂၀၂၂ ခုနှစ် အာရှဖလားတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သော ဖိလစ်ပိုင်အသင်းအတွက် ဘာ့ဒ်က ဒုတိယပိုင်း ပြန်လည်စတင်ပြီး မကြာမီပင် အဖွင့်ဂိုးသွင်းခဲ့ကာ ဆာဝစ်ကီ၏ ခေါင်းတိုက်ချက်ဖြင့် ဒုတိယဂိုးကို သွင်းယူခဲ့ခြင်းဖြစ်သည်။
အခြားရှုံးထွက်အဆင့်ပွဲစဉ်တွင် ဟောင်ဆောင်အွတ်က ဟက်ထရစ်သွင်းယူခဲ့ပြီး ကင်ကျုံးယုံကလည်း စတုတ္ထမြောက်ဂိုးကို သွင်းယူခဲ့သဖြင့် မြောက်ကိုရီးယားအသင်းက တရုတ်ထိုင်ပေအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
၂၀၁၁ ခုနှစ်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့အဆင့်ပြိုင်ပွဲသို့ ပြန်လည်ဝင်ရောက်လာမည့် မြောက်ကိုရီးယားအသင်းအတွက် အဆိုပါပွဲစဉ်၏ ပထမပိုင်းနှောင်းပိုင်းတွင် ဟောင်က အဖွင့်ဂိုးသွင်းယူခဲ့သည်။ ထို့နောက် ဟောင်နှင့် ကင်တို့က ဒုတိယပိုင်းစတင်ပြီး မကြာမီတွင် ဂိုးသွင်းယူခဲ့ပြီး ၆၈ မိနစ်တွင် ဟောင်က ၎င်း၏ ဟက်ထရစ်ဂိုးကို အပြီးသတ်ခဲ့ခြင်းဖြစ်သည်။
ဥဇဘက်ကစ္စတန်အသင်းနှင့် တရုတ်ထိုင်ပေအသင်း နှစ်သင်းစလုံးက ၂၀၂၆ ခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် အင်တာကွန်ဖက်ဒရေးရှင်းပြိုင်ပွဲ ရှုံးထွက်အဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၎င်းတို့၏ ကမ္ဘာ့ဖလားမျှော်လင့်ချက်ကို အသက်ဝင်စေမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဩစတြေးလျနိုင်ငံ ပါ့သ်မြို့ရှိ ပါ့သ်ထောင့်မှန်စတုဂံအားကစားကွင်း၌ ဩစတြေးလျအသင်းနှင့် မြောက်ကိုရီးယားအသင်းတို့၏ အမျိုးသမီး အာရှဖလား ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း ခေါင်းတိုက်ဘောသွင်းယူနိုင်ရန် ယှဉ်ပြိုင်နေကြသည့် ဩစတြေးလျအသင်းမှ အလန်နာ ကနေဒီ (ဝဲဘက်အပေါ်) နှင့် မြောက်ကိုရီးယားအသင်းမှ ရီဟက် (ယာဘက်အပေါ်) တို့ကို ၂၀၂၆ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
Philippines, DPR Korea secure Women’s World Cup spots
SYDNEY, March 19 (Xinhua) — The Philippines and DPR Korea secured direct qualification for the 2027 FIFA Women’s World Cup after registering victories in their respective Women’s Asian Cup playoffs at Gold Coast Stadium on Thursday.
Angela Beard and Jaclyn Sawicki struck just after halftime to secure a 2-0 victory for the Philippines over Uzbekistan. The Philippines, which reached the semifinals at the 2022 Asian Cup, saw Beard open the scoring shortly after the restart before Sawicki headed home.
In the other playoff match, Hong Song-ok scored a hat-trick and Kim Kyong-yong added a fourth to secure a 4-0 victory for DPR Korea over Chinese Taipei.
DPR Korea, which will return to the global showpiece for the first time since 2011, saw Hong open the scoring late in the first half. Hong and Kim then headed into the net shortly after halftime before Hong completed her hat-trick in the 68th minute.
Both Uzbekistan and Chinese Taipei will now enter the Inter-Confederation Playoffs later in 2026 to keep their World Cup hopes alive. ■
English Caption 1
Riko Ueki (3rd L) of Japan heads for the ball during the quarterfinal of Women’s Asian Cup between Japan and Philippines in Sydney, Australia, March 15, 2026. (Photo by Hu Jingchen/Xinhua)
English Caption 2
Alanna Kennedy (top L) of Australia and Ri Hak (top R) of DPRK vie for a header during the quarterfinal of Women’s Asian Cup between Australia and the Democratic People’s Republic of Korea (DPRK) at Perth Rectangular Stadium in Perth, Australia, March 13, 2026. (Photo by Zhou Dan/Xinhua)
