Connect with us

North America

ရုရှားအတွက် ဘယ်တုန်းကမှ အလုပ်မလုပ်ခဲ့ကြောင်း” သမ္မတထရမ့်ပြော

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI)က အမေရိကန်သမ္မတအား ရုရှားနိုင်ငံအတွက် အလုပ်လုပ်ခဲ့ခြင်း ရှိမရှိ တန်ပြန်ထောက်လှမ်း စုံစမ်းမှုပြုလုပ်ရန် အမှုဖွင့်ခဲ့ခြင်းအပေါ် တိုက်ရိုက် တုံ့ပြန်သည့်အနေဖြင့် သမ္မတဒေါ်နယ်ထရမ့်က “ ရုရှားအတွက် ဘယ်တုန်းကမှ အလုပ်မလုပ်ခဲ့ဘူး” ဟု ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

“ ရုရှားနိုင်ငံအတွက် ဘယ်တုန်းကမှ အလုပ်မလုပ်ပေးခဲ့ဘူးသလို အဲဒီမေးခွန်းထုတ်နေတာကိုက အရှက်ခွဲမှုတစ်ခုလို့ပဲ ကျွန်တော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက တကယ့်ကို လုံးဝ မကောင်းတဲ့ကိစ္စပဲ ” ဟု နယူးအော့လန်းသို့မထွက်ခွာမီ သတင်းသမားများနှင့်တွေ့ဆုံစဉ် ထရမ့်က အထက်ပါအတိုင်းပြောကြားခဲ့သည်။

FBI ညွှန်ကြားရေးမှူးဂျိမ်းစ်ကွန်မီ (James Comey) အား ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ထရမ့်၏ ယင်းလုပ်ရပ်မှာ တရားဥပဒေချိုးဖောက်မှု ရှိမရှိ နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် FBI က ဇန်နဝါရီ ၁၁ ရက်တွင် စုံစမ်းစစ်ဆေးမှုစတင်ခဲ့ကြောင်း နယူးယောက်တိုင်းသတင်းစာက ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဇန်နဝါရီ ၁၁ ရက်တွင် ဖော်ပြခဲ့သော သတင်းမှာ “ အဆိုးရွားဆုံး စော်ကားမှု” ဟု ထရမ့်က ပြစ်တင်ပြောဆိုခဲ့သည်။

ထို့ပြင် သမ္မတဒေါ်နယ်ထရမ့်က ၂ဝ၁၇ ခုနှစ်တွင် ရုရှားသမ္မတဗလာဒီမာပူတင်နှင့်ပြုလုပ်သော ဆွေးနွေးပွဲနှင့်ပတ်သက်၍ မှတ်စုများကို ၎င်း၏စကားပြန်ထံမှ ပြန်လည်ရယူခဲ့ကြောင်း နှင့် အခြားအမေရိကန်အရာရှိများနှင့် အသေးစိတ်ဆွေးနွေးခြင်းမပြုလုပ်ရန် အမိန့်ပေးခဲ့ကြောင်းဆိုသည့် ဝါရှင်တန်ပိုစ့်(Washington Post) သတင်းစာ၏ ရေးသားဖော်ပြချက်များမှာလည်း “ အခြေအမြစ်မရှိသောသတင်း” သာဖြစ်ကြောင်း ထရမ့်က ဆိုသည်။

ထရမ့်က ရုရှားနှင့် လျှို့ဝှက်လုပ်ကိုင်ဆောင်ရွက်ခဲ့မှုမရှိကြောင်း ထပ်တလဲလဲ ငြင်းဆိုခဲ့သည်။ ၂ဝ၁၆ ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ကြားဝင်နှောက်ယှက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်အပေါ် ရုရှားက အကြိမ်ကြိမ် ငြင်းဆိုထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.