Connect with us

North America

အမေရိကန် အစိုးရယန္တရားရပ်ဆိုင်းမှု သဘောတူညီချက် မရရှိသေးဘဲ ကြာမြင့်မှု စံချိန်ချိုး


ဝါရှင်တန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တောင်းဆိုထားသော နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် ကွန်ဂရက်ရန်ပုံငွေ အငြင်းပွားမှှုအတွင်း အမေရိကန်ပြည်ထောင်စု အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းနေမှုမှာ စံချိန်ချိုးခဲ့ပြီး အမေရိကန် သမိုင်း၌ အရှည်ကြာဆုံးအဖြစ် ဇန်နဝါရီလ ၁၂ ရက်တွင် ၂၂ ရက်တာကာလသို့ပင် ရောက်ရှိလာခဲ့ပေသည်။

ယခုထိတိုင် သဘောတူညီချက် ရရှိမည့် အရိပ်အယောင် မတွေ့ရှိသေးသလို နှစ်ဖက်အပေးအယူပြုလုပ်မှုမှာ မှေးမှိန်နေပြီး အခြားဖြေရှင်းရန် နည်းလမ်းလည်း မတွေ့မြင်နိုင်သေးပေ။

ကွန်ဂရက်က အစိုးရယန္တရားရပ်ဆိုင်းမှုကို ချက်ချင်းဆောင်ရွက်ခဲ့လျှင်ပင်မှ ဇန်နဝါ၏ရီလ ၁၁ ရက်တွင် ၁၉၉၀ ပြည့်လွန်နှစ်များက ကလင်တန်အစိုးရလက်ထက်မှ အစိုးရယန္တရားရပ်ဆိုင်းမှုကာလ စံချိန် ၂၁ ရက်ကို ကျော်လွန်သွားမည် ဖြစ်သည်။ အထက်လွှတ်တော်က အရှေ့တိုင်းစံတော်ချိန် မွန်းလွဲ ၁း၀၀ နာရီတွင် ယခု ရက်သတ္တပတ်အတွက် ရပ်နားခဲ့ပြီး အောက်လွှတ်တော်ကလည်း ဇန်နဝါရီလ ၁၄ ရက်အထိ ရွှေ့ဆိုင်းထားခဲ့သည်။

လစာမရသော လကုန်ရက်

ပြဿနာကိုမဖြေရှင်းနိုင်မှုက စိတ်ဓာတ်ကျညည်းတွားသံများ ပိုမိုကြားရဖွယ်ရှိသည်ဟု ယူဆရဖွယ်ဖြစ်သည်။ အထူးသဖြင့် ဒီဇင်ဘာလ ၂၂ ရက်မှစတင်ခဲ့သော အစိုးရယန္တရားရပ်ဆိုင်းမှုအတွင်း လစာမဲ့ခွင့် သို့မဟုတ် လစာမရဘဲဖြစ်နေသော အစိုးရဝန်ထမ်း ၈၀,၀၀၀ ခန့်၏ ညည်းတွားသံများပင်ဖြစ်သည်။

အစိုးရယန္တရားရပ်ဆိုင်းမှုသည် ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၁၁ ရက်တွင် ဝန်ထမ်းများ၏ လစာအပေါ် တရားဝင်ထိခိုက်လာကာ လစာထုတ်မည့်ရက်တွင် လစာမရရှိဘဲ ဖြစ်နေခဲ့သည်။

အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းရခြင်းကြောင့် လစာမရရှိဖြစ်နေရသော ဝန်ထမ်းများအတွက် လစာပြန်ပေးရန် အထက်လွှတ်တော်က အတည်ပြုထားသည့် ဥပဒေကြမ်းကို အောက်လွှတ်တော်ကလည်း ဆွေးနွေးကာ ဇန်နဝါရီလ ၁၁ ရက်အစောပိုင်းကတည်းက သမ္မတ ထရမ့်ထံ ပို့ခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော်အား ဇန်နဝါရီလ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ Capitol Hill (လွှတ်တော်အဆောက်အဦ) အား ဇန်နဝါရီလ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော်အား ဇန်နဝါရီလ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန် အမျိုးသား လေကြောင်းသွားလာမှု ထိန်းချုပ်ရေးအသင်း (NATCA) က အစိုးရယန္တရားရပ်ဆိုင်းစဉ်အတွင်း “NATCA အဖွဲ့ဝင်များရဲ့ လစာများကို ဥပဒေနဲ့အညီ မပေးခဲ့ကြောင်း” ပြောကြားပြီး ပြည်ထောင်စုအစိုးရကို တရားဝင်တောင်းဆိုခဲ့သည်။

အစိုးရအနေဖြင့် မျှတသော အလုပ်သမား စံနှုန်း ဥပဒေကို ချိုးဖောက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လေကြောင်းသွားလာရေးထိန်းချုပ်သူများအား အနည်းဆုံး လုပ်ခလစာ မပေးကြောင်း၊ အစိုးရယန္တရားရပ်ဆိုင်းနေစဉ်အတွင်း အချိန်ပိုလုပ်ခများလည်း မပေးကြောင်း စွပ်စွဲခဲ့သည်။

တစ်ချိန်တည်းမှာပင် ဇန်နဝါရီလ ၁၁ ရက်တွင် ထုတ်ပြန်သော NPR/Ipsos Poll ၌ ရီပက်ဘလစ်ကန် အများစု ပါဝင်သော အမေရိကန် ၁၀ ဦးတွင် ၇ ဦးက ပြောကြားရာ၌ အစိုးရယန္တရားရပ်ဆိုင်းမှုသည် “နိုင်ငံအတွက် ရှက်စရာကောင်းကြောင်း” နှင့် စီးပွားရေးကို ထိခိုက်စေမည်ဟု ပါရှိသည်။ လူ ၁၀ ဦးတွင် ၃ ဦးကမူ အစိုးရအနေဖြင့် အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက် တံတိုင်းတည်ဆောက်ရန်အတွက် ရန်ပုံငွေရရှိသည့်အချိန်အထိ အစိုးရယန္တရားရပ်ဆိုင်းထားသင့်ကြောင်း ပြောကြားခဲ့ကြသည်။

အလွယ်တကူနှင့် ဖြေရှင်းချက်ထွက်မည်မဟုတ်

တံတိုင်းတည်ဆောက်ရေး အငြင်းပွားမှုအပေါ် ဆွေးနွေးညှိနှိုင်းမှုများမှာ အစိုးရယန္တရား ရပ်ဆိုင်းနေသည့်ကြားမှပင် တိုးတက်မှုမရရှိသည့်အခြေအနေသို့ ရောက်ရှိနေပြီး ဖြေရှင်းရန် အခြားနည်းလမ်းလည်း ရှာမတွေ့သေးပေ။

ထရမ့်က အစိုးရယန္တရားရပ်ဆိုင်းနေခြင်းကို အဆုံးသတ်ရန် လွယ်ကူသောနည်းလမ်းက နိုင်ငံအရေးပေါ် အခြေအနေကြေညာရန်ပင် ဖြစ်ကြောင်း၊ သို့သော် ၎င်းအနေဖြင့် ထိုကဲ့သို့ အလျင်စလိုလုပ်ဆောင်မည်မဟုတ်ကြောင်း ဇန်နဝါရီလ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

“အခု ကျွန်တော်တို့ နိုင်ငံအရေးပေါ်အခြေအနေ ကြေညာဖို့ နည်းလမ်းကိုပဲရှာနေတာမဟုတ်ဘူး” ဟု အိမ်ဖြူတော် နယ်စပ်လုံခြုံရေးဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲတွင် သမ္မတက ပြောကြားခဲ့သည်။

အကယ်၍ လွှတ်တော်အနေဖြင့် သဘောတူညီချက်တစ်ခု မရရှိခဲ့ပါက ၎င်း၏ နယ်စပ်တံတိုင်း ရန်ပုံငွေ ရရှိရန် နည်းလမ်းတစ်ခုအဖြစ် နိုင်ငံအားအရေးပေါ်အခြေအနေ ရာနှုန်းပြည့်လုပ်ဆောင်သွားမည်ဟု ကြေညာမှုကို ယခုသီတင်းပတ် အစောပိုင်းတွင် ထရမ့်က ပြောကြားခဲ့သည်။

နိုင်ငံ အရေးပေါ်အခြေအနေ ကြေညာ၍ ဖြေရှင်းချက်သည် အနာဂတ် ဒီမိုကရက်တစ် သမ္မတ တစ်ဦးအတွက် မကောင်းသည့် သာဓကတစ်ခု ဖြစ်လာနိုင်သောကြောင့် ရီပက်ဘလစ်ကန် ဥပဒေပြုအမတ်များစွာက စိုးရိမ်ခဲ့ကြသည်။

ထရမ့်သည် သမ္မတရွေးကောက်ပွဲ အဓိက မဲဆွယ်ကတိအဖြစ် ၂၀၁၅ ခုနှစ် ဇွန်လက ကြေညာခဲ့သည့် ၎င်း၏ ဆုံးဖြတ်ချက်တစ်ခုဖြစ်သော အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက် တံတိုင်းတစ်ခုတည်ဆောက်ရန် ရန်ပုံငွေအတွက် ဒေါ်လာ ၅.၇ ဘီလီယံ ရရှိရန် မဖြစ်မနေ တောင်းဆိုရင်း နိုင်ငံရေး အကျပ်အတည်း အခြေအနေသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.