Videos
ကျည်ဆန်ရထား အစင်း ၁ဝဝ တစ်ပြိုင်နက်ရပ်နားနိုင်မည့် ဝူဟန်ကျည်ဆန်ရထားပြုပြင်ထိန်းသိမ်းရေးစင်တာ
ဝူဟန်၊ ဇန်နဝါရီလ ၂၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အကြီးဆုံး ကျည်ဆန်ရထားထိန်းသိမ်းပြုပြင်ရေးစင်တာများအနက် တရုတ်နိုင်ငံအလယ်ပိုင်း ရှိ ဝူဟန် ကျည်ဆန်ရထားများပြုပြင်ထိန်းသိမ်းရေးစင်တာသည် တစ်ခုအပါအဝင်ဖြစ်သည်။ ၎င်းမှာ အကျယ်အဝန်းအားဖြင့် စတုရန်း မီတာပေါင်း ၁.၄ သန်းခန့်ရှိပြီး ကျည်ဆန်ရထား အစင်း ၁ဝဝ တစ်ပြိုင်နက် ရပ်နားနိုင်ရန် စီမံဆောင်ရွက်ထားခြင်းဖြစ်သည်။ မကြာမီကျရောက်လာတော့မည့် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်အားလပ်ရက်တွင် တရုတ်ပြည်သူ သန်းပေါင်းများစွာသည် ရထားများဖြင့် မိသားစုထံပြန်ကြမည်ဖြစ်ရာ ၎င်းတို့အတွက် လိုအပ်သည့်ဝန်ဆောင်မှုများပေးနိုင်ရန် ကျည်ဆန် ရထားများကို ပြုပြင်ထိန်းသိမ်းထားရှိခြင်းဖြစ်သည်။ ယခုနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်နေ့များ အတွင်း ဝူဟန် ကျည်ဆန်ရထားပြုပြင် ထိန်းသိမ်းရေးစင်တာ မှ ကျည်ဆန်ရထားပေါင်း ၂ဝ၈ စင်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်းသိရသည်။(Xinhua)