Africa & Middle East
ကမ္ဘာမြေကြီး၏ အမာရွတ် ခေါ် Great Rift Valley သို့ သွားရောက်လည်ပတ်ခြင်း
နိုင်ရိုဘီ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ဧပြီ ၂၂ ရက်သည် ၅၇ ကြိမ်မြောက် ကမ္ဘာမြေနေ့ဖြစ်သည်။ Great Rift Valley သည် အရှေ့အာဖရိကကို အလျားလိုက်ဖြတ်သန်းသွားသော ပထဝီဝင်အံ့ဖွယ်နေရာတစ်ခုဖြစ်ပြီး ကမ္ဘာ့တိုက်ကြီးများပေါ်ရှိ အကြီးဆုံး ပြတ်ရွေ့ကြောဖြစ်ရာ “ကမ္ဘာမြေကြီး၏ အမာရွတ်” ဟု ခေါ်ဝေါ်လေ့ရှိသည်။
Great Rift Valley ဒေသတွင် မြေမျက်နှာသွင်ပြင် အလွန်များပြားကြွယ်ဝသည်။ ယင်းနေရာတွင် မီးတောင်များ၊ ကျောက်ဆောင်များနှင့် လျှိုမြောင်များရှိသလို ရေကန်များစွာ ပျံ့နှံ့တည်ရှိရာ တောရိုင်းတိရစ္ဆာန်အများအပြားမှာ ဤနေရာတွင် နားခိုကျက်စားခြင်း၊ ရွှေ့ပြောင်းခြင်းများ ပြုလုပ်ကြသောကြောင့် ကမ္ဘာကျော် သဘာဝရှုခင်းမြင်ကွင်းများ ဖြစ်ပေါ်စေသည်။ လက်ရှိတွင် လည်ပတ်ကြည့်ရှုရန် အဓိက ရှုခင်းသာနေရာများကို ကင်ညာမှ ဝင်ရောက်နိုင်သည်။ (Xinhua)

ကင်ညာနိုင်ငံ “ငရဲတံခါး (Hells Gate)” အမျိုးသားဥယျာဉ်အတွင်း စက်ဘီးစီး အနားယူနေသော ခရီးသွားဧည့်သည်အား ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(Chinese Version)
探寻”地球伤疤”:东非大裂谷
新华社照片,内罗毕,2026年4月22日
4月22日是第57个世界地球日。东非大裂谷是纵贯非洲东部的地理奇观,也是世界大陆上最大的断裂带,素有“地球伤疤”之称。东非大裂谷地区地貌极为丰富,既有火山、断崖和峡谷,也分布着众多湖泊,大量野生动物在这里栖息和迁徙,形成世界闻名的自然景观,目前观光的主要景点由肯尼亚进入。
图说1:这是4月21日拍摄的东非大裂谷内的肯尼亚“地狱之门”国家公园内的峡谷景观。新华社记者 谢剑飞 摄
图说2:4月21日,游客在肯尼亚“地狱之门”国家公园内骑行、休息。新华社记者 谢剑飞 摄
