Connect with us

Africa & Middle East

အီရန်နိုင်ငံခြားရေးဝန်ကြီး ရုရှား စိန့်ပီတာစဘတ်စ်သို့ ရောက်ရှိ၊ ပါကစ္စတန် အစ္စလာမ်မာဘတ် ခရီးစဥ် “အလွန်အောင်မြင်သည်” ဟု ဆို

ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်တွင် ပါကစ္စတန် ဝန်ကြီးချုပ် Shahbaz Sharif (ဝဲဘက်) နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi တို့ ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - Prime Minister's Office of Pakistan via Xinhua)

တီဟီရန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi က ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ ခရီးစဉ်သည် အလွန်အောင်မြင်ကြောင်း၊ ၎င်းသွားရောက်သည့်ကာလအတွင်း ပါကစ္စတန်ဘက်နှင့် ကောင်းမွန်သော ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ခဲ့ပြီး အီရန်နှင့် အမေရိကန်တို့ ဆက်လက်ဆွေးနွေးညှိနှိုင်းမှုအတွက် အခြေအနေကို ဆွေးနွေးခဲ့ကြောင်း ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု အီရန်မီဒီယာ၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။
Seyed Abbas Araghchi က ပါကစ္စတန်နိုင်ငံခရီးစဉ်ပြီးနောက် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်စ်မြို့သို့ ရောက်ရှိချိန်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့က ရက်ပေါင်း ၄၀ ကြာ ခုခံမှုပြီးနောက် အီရန်ပြည်သူတွေရဲ့အခွင့်အရေးကို ခိုင်မာစွာကာကွယ်စောင့်ထိန်းပြီး နိုင်ငံတော် အကျိုးစီးပွားကို အာမခံပေးရပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Seyed Abbas Araghchi သည် ဧပြီ ၂၄ ရက်တွင် ပါကစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ထို့နောက် ဧပြီ ၂၆ ရက်တွင် အိုမန်နိုင်ငံ မြို့တော်မက်စ်ကတ်၌ အိုမန် ဆူလတန် Haitham bin Tariq နှင့်တွေ့ဆုံခဲ့ကာ မူလက ခရီးစဉ် ဆက်လက်သွားရောက်မည့်နေရာသည် ရုရှားဖြစ်သည်။ သို့သော် Seyed Abbas Araghchi သည် ဧပြီ ၂၆ ရက် ညနေပိုင်းတွင် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်သို့ ပြန်လည်ရောက်ရှိပြီး ပါကစ္စတန်ဘက်နှင့် တွေ့ဆုံကာ ထိုနေ့ညသန်းခေါင်တွင် ထွက်ခွာ၍ ရုရှားသို့သွားရောက်ခဲ့သည်။
Seyed Abbas Araghchi က အီရန်နှင့် အိုမန်သည် ဟော်မုဇ်ရေလက်ကြား ကမ်းရိုးတန်းတစ်လျှောက်နိုင်ငံများဖြစ်ရာ နှစ်နိုင်ငံက မဖြစ်မနေဆွေးနွေးညှိနှိုင်းသင့်ပြီး အထူးသဖြင့် လက်ရှိ ဟော်မုဇ်ရေလက်ကြား၌ ဘေးကင်းလုံခြုံစွာဖြတ်သန်းသွားလာမှုသည် တစ်ကမ္ဘာလုံး အရေးကြီး ကိစ္စရပ် ဖြစ်လာချိန်တွင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ခရီးစဉ်အတွင်း အီရန်နှင့် အိုမန်တို့သည် ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုကိစ္စနှင့်စပ်လျဉ်း၍ ကျွမ်းကျင်ပညာရှင်အလွှာနှင့် ဆက်လက် ဆွေးနွေးညှိနှိုင်းရန် တစ်ပြေးညီသဘောတူညီခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း Seyed Abbas Araghchi သည် ရုရှားသို့ခရီးစဉ်သွားရောက်သည့် ကာလအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုနေ့တွင်ပြောကြားခဲ့သည်။
Seyed Abbas Araghchi က ယခုအကြိမ်ခရီးစဉ်၏ရည်ရွယ်ချက်မှာ ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများနှင့် စပ်လျဉ်း၍ ရုရှားဘက်နှင့်အတူ ဆွေးနွေးညှိနှိုင်းရန်၊ နှစ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တိုးနက်ရှိုင်းစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒီနေ့ (ပူတင်နဲ့) ဆွေးနွေးမှုက စစ်ပွဲဖြစ်ပေါ်တိုးတက်မှုအခြေအနေကို ဆွေးနွေးဖို့နဲ့ နောက်ဆုံးအခြေအနေကို သုံးသပ်ဖို့အတွက် ကောင်းမွန်တဲ့အခွင့်အလမ်းဖြစ်ပါတယ်။ နှစ်နိုင်ငံက ဒီကဏ္ဍမှာ ဆွေးနွေးမှုနဲ့ ညှိနှိုင်းလုပ်ဆောင်မှုက ထူးခြားတဲ့အနက်အဓိပ္ပာယ်ရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
伊朗外长抵达圣彼得堡 称伊斯兰堡之行“很成功”
新华社德黑兰4月27日电 据伊朗媒体27日报道,伊朗外长阿拉格齐当天表示,巴基斯坦伊斯兰堡之行非常成功,他在访问期间,同巴方进行了良好磋商,商讨了伊朗和美国继续谈判的条件。
阿拉格齐是在结束对巴基斯坦的访问、抵达俄罗斯圣彼得堡后作出上述表示的。他说:“我们在经历了40天的抵抗之后,必须坚决维护伊朗人民的权利并确保国家利益。”
阿拉格齐24日启程前往巴基斯坦,随后于26日在阿曼首都马斯喀特会晤阿曼苏丹海赛姆,原定出访下一站是俄罗斯。但阿拉格齐26日傍晚再次抵达伊斯兰堡,与巴方会晤,当天深夜离开,前往俄罗斯。
阿拉格齐说,伊朗和阿曼是霍尔木兹海峡沿岸国家,两国有必要进行磋商,尤其是目前霍尔木兹海峡安全通行已成为全球重要议题。访问期间,伊朗和阿曼一致同意继续就霍尔木兹海峡通行问题进行专家层面的磋商。
伊朗外交部当天说,阿拉格齐在访问俄罗斯期间,将会见俄外长拉夫罗夫,并将同俄总统普京举行会谈。
阿拉格齐说,此次访问的目的是继续就地区和国际问题同俄方磋商,进一步深化双边关系。“今天(与普京)的会谈将是讨论战争进展和评估最新局势的良机,我相信两国在此方面的磋商和协调将具有特殊意义。”(完)
图说:4月25日,巴基斯坦总理夏巴兹(左)在巴基斯坦首都伊斯兰堡同伊朗外长阿拉格齐举行会谈。新华社发(巴基斯坦总理办公室供图)