China
မြင်ကွင်းတစ်ခွင် စိမ်းလန်းစိုပြည်သော လားဆမြို့၊ နန်းဆန်းဥယျာဉ်မှ ရှုခင်းကြည့်ရန် အကောင်းဆုံးအချိန်
လားဆ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့သည် လားဆမြစ်၏ တောင်ဘက်နှင့် မြောက်ဘက်တောင်တန်းများ၊ ယင်းအနီးဝန်းကျင်၏ ဂေဟစနစ် ပြန်လည်ပြုပြင်ရေးနှင့် ပတ်ဝန်းကျင်အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ ယခင်က ခြောက်သွေ့၍ သစ်ပင်နည်းပါးလှသော တောတောင်များသည် ယခုအခါ တဖြည်းဖြည်း စိမ်းလန်းစိုပြည်လာကာ ဂေဟစနစ်အသွင်အပြင်မှာလည်း ပြောင်းလဲသစ်လွင်လာခဲ့သည်။
ကျယ်ပြောလှသော မြင်ကွင်းနှင့် တစ်မူထူးခြားသည့် ရှုခင်းကြည့်နေရာများကြောင့် နန်းဆန်းဥယျာဉ်သည် မြို့နေပြည်သူများနှင့် ခရီးသွားဧည့်သည်များအတွက် တောင်တက်အပန်းဖြေလမ်းလျှောက်ရာ လားဆမြို့ မြင်ကွင်းတစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနိုင်သည့် ရေပန်းအစားနေရာတစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့ရှိ နန်းဆန်းဥယျာဉ် လှေကားထစ်လျှောက်လမ်းတွင် အပန်းဖြေလမ်းလျှောက်နေသော ခရီးသွားဧည့်သည်များအား ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
满目青绿映拉萨 南山观景正当时
新华社照片,拉萨,2026年4月26日
近年来,拉萨市持续推进南北山及周边生态绿化修复与环境提升工作,昔日的荒山草木渐盛、绿意盎然,生态面貌焕然一新。凭借开阔的视野与独特的观景视角,南山公园已成为市民和游客登山漫步、俯瞰拉萨城区全景的热门去处。
图说1:4月26日拍摄的布达拉宫及周边景色。 新华社记者 丁增尼达 摄
图说2:4月26日,游客漫步在拉萨市南山公园的阶梯步道上。新华社记者 丁增尼达 摄
