Connect with us

International Organizations

ယခုသီတင်းပတ်ကုန်တွင် လာလီဂါချန်ပီယံဆုရရန် ဘာစီလိုနာ မျှော်မှန်း

မက်ဒရစ်၊ မေ ၂ ရက် (ဆင်ဟွာ)

နည်းပြ ဟန်ဆီ ဖလစ်ခ်၏ ဘာစီလိုနာအသင်းအနေဖြင့် ရလဒ်များ ယခုအတိုင်းဆက်လက်ရှိနေပါက ယခုသီတင်းပတ်ကုန်၌ စပိန်လာလီဂါတွင် ချန်ပီယံဆု ရရှိနိုင်ကြောင်း သိရသည်။နူးကမ့်ကွင်းသို့ မေ ၁၀ ရက်၌ ရီးရဲလ်မက်ဒရစ်အသင်း လာရောက်ကစားမည့် အိမ်ကွင်းပွဲစဉ်မတိုင်မီ အဆိုပါ လာလီဂါချန်ပီယံဆုကို ဘာစီလိုနာအသင်းရရှိရန်အတွက် ၎င်းတို့အသင်းအနေဖြင့် အိုဆာဆူနာအသင်းနှင့် မေ ၂ ရက်၌ ကစားရမည့် အဝေးကွင်းပွဲစဉ်ကို အနိုင်ရရန် လိုအပ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက မေ ၃ ရက်၌ အက်စ်ပန်ညိုအသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ရှုံးနိမ့် သို့မဟုတ် သရေကျရန် လိုအပ်သည်။

အိုဆာဆူနာ၏ အယ်လ်ဆာဒါကွင်းမှာ ဘာစီလိုနာနည်းပြအဖြစ် ဖလစ်ခ်၏ ပထမဆုံးလိဂ်ရှုံးပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာတွင် ကြုံတွေ့ခဲ့ရသည့် ခက်ခဲသောကွင်းဖြစ်သည်။ဘာစီလိုနာတိုက်စစ်မှူး လာမင်း ယမားလ်က တံကောက်ကြောဒဏ်ရာကြောင့် ပြည်တွင်းရာသီကျန်အထိ အနားယူရမည်ဖြစ်သော်လည်း ရာဖင်ညာနှင့် မာ့ခ် ဘာနယ်တို့နှစ်ဦးစလုံးက သီတင်းပတ်အတွင်း အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပြီး ပွဲစဉ်တွင် တစ်စိတ်တစ်ပိုင်းပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဂျူးစ် ကွန်ဒီက အဝါကတ်များ များပြားလာခြင်းကြောင့် ဆိုင်းငံ့ခံထားရသည်။ ဂျိုအာ ကန်ဆယ်လိုကမူ ညာနောက်ခံလူအဖြစ် ပြောင်းရွှေ့ကစားဖွယ်ရှိပြီး အလက်ဂျန်ဒရိုဘယ်လ်ဒီက ဘယ်နောက်ခံလူအဖြစ် ဆက်ရှိနေဖွယ်ရှိသည်။အိုဆာဆူနာအသင်းအနေဖြင့် လက်ရှိတွင် အဆင့်သတ်မှတ်ချက်၌ အဆင့်ကိုးနေရာ၌ ရှိကာ ဥရောပပြိုင်ပွဲဝင်ခွင့်အတွက် ရုန်းကန်နေရဆဲဖြစ်ပြီး အဆိုပါပွဲစဉ်တွင် အနိုင်ရခဲ့ပါက အဆင့် ၆ အထိ မြင့်တက်လာဖွယ်ရှိသည်။

အိုဆာဆူနာအသင်း၏ ဝါရင့်တိုက်စစ်မှူး အန်တီ ဘူဒီမာအနေဖြင့် ယခုရာသီတွင် လိဂ်ဂိုး ၁၆ ဂိုး သွင်းယူထားပြီး ၎င်းမှာ အထူးသဖြင့် စပိန်လက်ရွေးစင် ဗစ်တာမူနော့ဇ်က ခြေသလုံးဒဏ်ရာကြောင့် အနားယူနေရချိန်တွင် အဓိကခြိမ်းခြောက်သူ ဖြစ်လာမည်ဖြစ်သည်။အိုဆာဆူနာအသင်းနည်းပြ အလက်စီယို လစ်စီက ဘူဒီမာကို ရာအူးလ် ဂါစီယာနှင့်အတူ ထည့်သွင်းကစားနိုင်ပြီး ယင်းမှာ ဘာစီလိုနာအသင်းအတွက် ကြီးမားသော စိန်ခေါ်မှု ဖြစ်နိုင်ဖွယ်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
FC Barcelona looks to secure La Liga title this weekend
MADRID, May 1 (Xinhua) — FC Barcelona can be crowned in La Liga this weekend if results go the way of Hansi Flick’s side.
Barcelona needs to win its road game against Osasuna on Saturday, and for Real Madrid to either lose or draw away to Espanyol on Sunday, to secure the title, before Real Madrid visits the Camp Nou on May 10.
Osasuna’s El Sadar Stadium is a difficult ground for Flick, who suffered his first league defeat as Barcelona coach in September 2024.
Barcelona forward Lamine Yamal is out for the rest of the domestic season with his torn hamstring, but Raphinha and Marc Bernal both returned to training with the squad during the week and could play some part in the game.
Meanwhile, Jules Kounde is suspended for accumulation of yellow cards. Joao Cancelo is likely to move to right-back with Alejandro Balde on the left.
Osasuna is currently ninth in the standings still battling for a place in Europe, and a win could lift it to as high as sixth.
Veteran striker Ante Budimir has 16 league goals this season and will be the main threat, especially as Spain international Victor Munoz is sidelined with a calf injury.
Osasuna coach Alessio Lisci could field Budimir along with Raul Garcia, which would pose a big challenge for Barcelona. ■
English Caption 1
Hansi Flick, manager of Barcelona gestures during the La Liga football match between Elche and Barcelona in Elche, Spain, Jan. 31, 2026. (Stringer/Xinhua)
English Caption 2
Lamine Yamal (bottom) of FC Barcelona gets injured during the La Liga football match between FC Barcelona and RC Celta in Spotify Camp Nou, Barcelona, Spain, on April 22, 2026. (Photo by Joan Gosa/Xinhua)
English Caption 3
Lamine Yamal (2nd L) of FC Barcelona breaks through during the La Liga football match between FC Barcelona and RC Celta in Spotify Camp Nou, Barcelona, Spain, on April 22, 2026. (Photo by Joan Gosa/Xinhua)
English Caption 4
Players of Barcelona celebrate the score during La Liga football match between FC Barcelona and RCD Mallorca in Barcelona, Spain, Feb. 7, 2026. (Photo by Joan Gosa/Xinhua)
English Caption 5
Lamine Yamal of Barcelona celebrates his score during La Liga football match between FC Barcelona and RCD Mallorca in Barcelona, Spain, Feb. 7, 2026. (Photo by Joan Gosa/Xinhua)
English Caption 6
Marc Bernal (R) of Barcelona celebrates his score during La Liga football match between FC Barcelona and RCD Mallorca in Barcelona, Spain, Feb. 7, 2026. (Photo by Joan Gosa/Xinhua)