Videos
မန္တလေးမဟာမုနိဘုရားကြီးရှိ မဟာဗောဓိပင် ပရိဘောဂစေတီတော်မြတ်အား ညောင်ရေသွန်းလောင်းပူဇော်
မန္တလေး၊ မေ ၃ ရက် (ဆင်ဟွာ)
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မန္တလေးမဟာမုနိဘုရားကြီးရှိ မဟာဗောဓိပင် ပရိဘောဂစေတီတော်မြတ်အား ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ဧပြီ ၃၀ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါ ညောင်ရေသွန်းလောင်းပူဇော်ပွဲတွင် ဘုရားဖူးပြည်သူများကို အအေးစတုဒိတာများ ကျွေးမွေးလှူဒါန်းခြင်း၊ ညောင်ရေအိုး အခမဲ့စီစဉ်ထားရှိပေးခြင်းနှင့် ရိုးရာဆင်အကအလှဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
