North America
ဟော်မုဇ်ရေလက်ကြား သင်္ဘောများ သွားလာမှု ရှင်းလင်းလမ်းညွှန်ရေး လှုပ်ရှားမှုကို ပံ့ပိုးရန် စစ်သင်္ဘောစသည်တို့ကို အသုံးပြုသွားမည်ဟု အမေရိကန်စစ်တပ် ဆို
ဝါရှင်တန်၊ မေ ၄ ရက် (ဆင်ဟွာ)
အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က အမေရိကန်သမ္မတ ထရမ့် “ညွှန်ကြားသော” ဟော်မုဇ်ရေလက်ကြားတွင် ပိတ်မိနေသော သင်္ဘောများ သွားလာမှု ရှင်းလင်းလမ်းညွှန်ရေး လှုပ်ရှားမှုကို ပံ့ပိုးရန် ၎င်းတပ်ဖွဲ့သည် မေ ၄ ရက်မှစတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လူမှုမီဒီယာတွင် သတင်းထုတ်ပြန်ခဲ့သည်။ အမေရိကန်၏ စစ်ရေးပံ့ပိုးမှုတွင် ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော၊ မြေပြင်နှင့် ပင်လယ်အခြေစိုက်လေယာဉ် အစင်းရေ ၁၀၀ ကျော်၊ ဒရုန်းများနှင့် စစ်သည်အင်အား ၁၅,၀၀၀ ပါဝင်သည်။
ဤမစ်ရှင်သည် “ဒီနိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းကို ဖြတ်သန်းဖို့ ကြိုးပမ်းနေရတဲ့ ကုန်သည်သင်္ဘောတွေအတွက် ပံ့ပိုးမှုပေးသွားမှာဖြစ်တယ်” ဟု CENTCOM က ပြောကြားခဲ့သည်။ ဤ “ကာကွယ်ရေး” မစ်ရှင်ကို ပံ့ပိုးလုပ်ဆောင်သည့်တစ်ချိန်တည်းမှာပင် အမေရိကန်သည် အီရန်အပေါ် ပင်လယ်ရေကြောင်းပိတ်ဆို့မှုများကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း CENTCOM တပ်မှူး Brad Cooper က ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့သည့် သီတင်းပတ်တွင် ဟော်မုဇ်ရေလက်ကြား ပင်လယ်ရေကြောင်းလုံခြုံရေးကို ပံ့ပိုးရန်အတွက် နိုင်ငံတကာမိတ်ဖက်များအကြား ညှိနှိုင်းဆောင်ရွက်မှုနှင့် အချက်အလက်မျှဝေခံစားမှုကို မြှင့်တင်ရန် ရည်ရွယ်သည့် “ပင်လယ်ရေကြောင်း လွတ်လပ်ရေး မူဘောင်” ဟူသော အဆိုပြုချက်တစ်ရပ် ကြေညာခဲ့ကြောင်း၊ ထိုအဆိုပြုချက်သည် သံတမန်ရေးလှုပ်ရှားမှုနှင့် စစ်ရေးညှိနှိုင်းဆောင်ရွက်မှုတို့ကို ပေါင်းစည်းကာ ယခုအကြိမ် သွားလာမှု ရှင်းလင်းလမ်းညွှန်ရေး လှုပ်ရှားမှုကာလအတွင်း အဓိကကျသောအခန်းကဏ္ဍမှပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသစံတော်ချိန် မေ ၇ ရက် နံနက်ပိုင်းမှစ၍ သွားလာမှု ရှင်းလင်းလမ်းညွှန်ရေး လှုပ်ရှားမှုတစ်ရပ်ကို လုပ်ဆောင်ကာ ဟော်မုဇ်ရေလက်ကြားတွင် ပိတ်မိနေသော သင်္ဘောများအား ထိုရေလက်ကြားမှ ထွက်ခွာနိုင်ရန် “လမ်းညွှန်” သွားမည်ဖြစ်ကြောင်း ထရမ့်က မေ ၃ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ အကယ်၍ ဤလူသားချင်းစာနာထောက်ထားမှုသည် မည်သည့်အတားအဆီးများနှင့်မဆို ရင်ဆိုင်ရပါက အမေရိကန်အနေဖြင့် ပြင်းထန်သောအစီအမံများ မဖြစ်မနေချမှတ်၍ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက အလေးထားဖော်ပြခဲ့သည်။
ထရမ့်၏ မေ ၃ ရက်က ကြေညာခဲ့သည့် ပိတ်မိနေသော သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှဖြတ်သွားနိုင်ရန် “လမ်းညွှန်မှု” တွင် အမေရိကန်စစ်သင်္ဘောများက ဤသင်္ဘောများအတွက် လိုက်ပါကာကွယ်ပေးခြင်း မပါဝင်ကြောင်း၊ အဆိုပါ အစီအမံအသစ်သည် “ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်ရေး သွားလာမှုကို ညှိနှိုင်းဆောင်ရွက်ပေးရန် ရည်ရွယ်သည့် လည်ပတ်မှုယန္တရား” ဖြစ်ကာ ညှိနှိုင်းဆောင်ရွက်ပေးမည့် အဖွဲ့များတွင် နိုင်ငံအသီးသီးမှ အစိုးရများ၊ အာမခံကုမ္ပဏီများနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့အစည်းများ ပါဝင်ကြောင်း အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု အမေရိကန် “The Wall Street Journal” ၏ မေ ၃ ရက် အခြားသတင်းဖော်ပြမှုအရ သိရသည်။ (Xinhua)
##အရှေ့အလယ်ပိုင်း #CENTCOM #အမေရိကန်စစ်တပ် #ပင်လယ်ရေကြောင်းပိတ်ဆို့မှု
…………………..
(Chinese Version)
美军称将动用军舰等支持霍尔木兹海峡船只疏导行动
新华社华盛顿5月3日电(记者黄强 徐剑梅)美军中央司令部3日在社交媒体发布消息称,其部队将于4日开始支持美国总统特朗普“指导的”、对霍尔木兹海峡被困船只的疏导行动。美方军事支持包括出动导弹驱逐舰、100多架陆基和海基飞机,以及无人机,还有1.5万名军人。
美军中央司令部称,这项任务“将为寻求通过这一重要国际贸易通道的商船提供支持”。中央司令部司令库珀表示,在支持这项“防御性”任务的同时,美方将继续维持对伊朗的海上封锁。
消息还说,美国国务院上周宣布了一项名为“海上自由架构”的倡议,旨在加强国际伙伴间的协调与信息共享,以支持霍尔木兹海峡的海上安全。该倡议将外交行动与军事协调结合起来,将在此次疏导行动期间发挥关键作用。
特朗普3日在社交媒体发文称,美国将于中东当地时间4日上午开始一项疏导行动,“引导”被困在霍尔木兹海峡的船只驶离该海峡。他同时强调,若此项人道主义行动遭遇任何阻挠,美方将不得不采取强硬手段予以应对。
另据美国《华尔街日报》3日报道,一名美国高级官员说,特朗普当天宣布的“引导”被困船只通过霍尔木兹海峡的行动,并不涉及由美国军舰为这些船只提供护航。该官员称这项新举措是一套“旨在协调经霍尔木兹海峡航运交通的运作机制”,参与协调的主体包括各国政府、保险公司以及航运组织。(完)
图说:2026年3月11日,油轮在靠近埃及苏伊士运河入口处的红海海域行驶。新华社发(艾哈迈德·戈马摄)
