Eastern Europe
ရုရှားနိုင်ငံ၏ မဟာမျိုးချစ်စစ်အောင်ပွဲနေ့အတွက် ယူကရိန်းနှင့် အပစ်ရပ်မှုက မေ ၈ ရက်မှ မေ ၁၀ ရက်အထိ ကြာမြင့်မည်
မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံက မဟာမျိုးချစ်စစ်အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားများအတွင်း မေ ၈ ရက် ညသန်းခေါင်ယံအချိန်မှ မေ ၁၀ ရက်အထိ ယူကရိန်းပဋိပက္ခအပစ်ရပ်စဲကြောင်း မေ ၇ ရက်၌ ကြေညာခဲ့သည်။
ပဋိပက္ခဇုန်ရှိ ရုရှားစစ်ဘက်တပ်ဖွဲ့အားလုံးအနေဖြင့် တိုက်ခိုက်ရေးလုပ်ငန်းများကို သတ်မှတ်ထားသောကာလအတွင်း လုံးဝရပ်ဆိုင်းထားမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်၌ ပြောကြားခဲ့သည်။
ယူကရိန်းစစ်တပ်၏ တည်နေရာများနှင့် ယူကရိန်းနယ်မြေအတွင်းရှိ ဆက်စပ်အခြေခံအဆောက်အအုံများအား ပစ်မှတ်ထားသည့် ဒုံးကျည်နှင့် အမြောက်တိုက်ခိုက်မှုများအပြင် ဝေဟင်နှင့် ရေပြင်မှ ပစ်လွှတ်သည့် တာဝေးပစ် ပစ်မှတ်တိကျသောလက်နက်များနှင့် တိုက်ခိုက်ရေးဒရုန်းများ အသုံးပြုမှုကိုလည်း ရုရှားက ရပ်ဆိုင်းထားမည်ဟု ကြေညာချက်၌ ဖြည့်စွက်ဖော်ပြထားသည်။
အဆိုပါအပစ်ရပ်မှုကို ယူကရိန်းဘက်မှလည်း လိုက်နာရန် ရုရှားက တိုက်တွန်းထားသည်။
ယူကရိန်းတပ်ဖွဲ့များအနေဖြင့် အဆိုပါအပစ်ရပ်မှုကို ချိုးဖောက်ပါက သို့မဟုတ် ရုရှားဒေသများရှိ လူဦးရေထူထပ်သောနေရာများနှင့် အဆောက်အအုံများကို တိုက်ခိုက်ရန် ကြိုးပမ်းပါက ရုရှားတပ်ဖွဲ့များက တုံ့ပြန်မည်ဟုလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တစ်ချိန်တည်းမှာပင် ပြောကြားခဲ့သည်။
မဟာမျိုးချစ်စစ်အောင်ပွဲနေ့ အထိမ်းအမှတ်ပွဲများကို ယူကရိန်းက နှောင့်ယှက်ပါက ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်၏ မြို့လယ်တွင် ကြီးမားသော ဒုံးကျည်တိုက်ခိုက်မှု ဖြစ်ပွားနိုင်ကြောင်းလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံသတိပေးခဲ့ပြီး ကိဗ်မြို့ရှိ အရပ်သားများနှင့် နိုင်ငံခြားသံတမန်ရုံးများမှ ဝန်ထမ်းများအား ၎င်းမြို့မှ အချိန်မီထွက်ခွာရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

ရုရှားနိုင်ငံ မြို့တော်မော်စကိုတွင် မဟာမျိုးချစ်စစ်အောင်ပွဲနေ့အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲ အကြိုလေ့ကျင့်မှုအတွင်း စစ်ချီတက်နေသည့် ရုရှားစစ်သည်များကို ၂၀၂၆ ခုနှစ် မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ မြို့တော်မော်စကိုတွင် မဟာမျိုးချစ်စစ်အောင်ပွဲနေ့အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲ အကြိုလေ့ကျင့်မှုအတွင်း စစ်ချီတက်နေသည့် ရုရှားစစ်သည်များကို ၂၀၂၆ ခုနှစ် မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
English Version
Russia’s Victory Day ceasefire with Ukraine to last from May 8 to May 10
MOSCOW, May 7 (Xinhua) — Russia on Thursday declared a ceasefire in the Ukraine conflict during the Victory Day celebrations from midnight on May 8 to May 10.
The Russian Ministry of Defense said in a statement that all Russian military groupings in the conflict zone would completely halt combat operations during the designated period.
The statement added that Russia would also suspend missile and artillery strikes, as well as the use of long-range precision weapons launched from air and sea platforms and combat drones targeting Ukrainian military positions and related infrastructure deep inside Ukrainian territory.
Russia called on the Ukrainian side to observe the ceasefire as well.
At the same time, the ministry said that Russian forces would respond if Ukrainian troops violated the truce or attempted attacks on populated areas and facilities within Russian regions.
It warned again of a massive missile strike on central Kiev if Ukraine disrupts the Victory Day celebrations, and urged civilians in Kiev and staff members of foreign diplomatic missions to leave the city in a timely manner. ■
English Caption 1, 2, 3
Russian soldiers march during a rehearsal of the Victory Day military parade in Moscow, Russia, May 4, 2026. (Photo by Alexander Zemlianichenko Jr/Xinhua)
