North America
ဥရောပသမဂ္ဂက အမေရိကန်-ဥရောပ ကုန်သွယ်ရေးသဘောတူညီချက်အတိုင်း ဆောင်ရွက်ရန်အတွက် နောက်ဆုံးကာလကို ထရမ့် သတ်မှတ်
နယူးယောက်၊ မေ ၈ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂက ဇူလိုင် ၄ ရက်အထိ ယမန်နှစ်က အမေရိကန်နှင့် ရရှိထားသော နှစ်ဖက်ကုန်သွယ်ရေး သဘောတူညီချက်အား ဖော်ဆောင်ခြင်းမရှိပါက အမေရိကန်သို့တင်ပို့သော ဥရောပသမဂ္ဂထုတ်ကုန်များ၏ စည်းကြပ်ခွန်သည် ပိုမိုမြင့်မားသောအဆင့်သို့ ချက်ချင်းမြင့်တက်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က မေ ၇ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် ထိုနေ့တွင် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်နှင့် “အလွန်ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှု” လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် နှစ်ဖက်ကုန်သွယ်ရေး သဘောတူညီချက်အား ထမ်းဆောင်ရန်နှင့် ဥရောပသို့တင်ပို့သည့် အမေရိကန်ထုတ်ကုန်များအပေါ် စည်းကြပ်ခွန်အား သုညအထိ လျှော့ချရန် ကတိပြုထားပြီးဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ဥရောပသမဂ္ဂဘက်က သဘောတူညီချက်အား ဖော်ဆောင်ရန် အစဉ်တစိုက် စိတ်ရှည်စွာစောင့်ဆိုင်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂက အမေရိကန်နှင့် နှစ်ဖက်ကုန်သွယ်ရေးသဘောတူညီချက်အား လိုက်နာခြင်းမရှိသဖြင့် အမေရိကန်ဘက်က ယခုသီတင်းပတ်အတွင်း၌ အမေရိကန်သို့ တင်ပို့သော ဥရောပသမဂ္ဂ မော်တော်ကားများ၏ စည်းကြပ်ခွန်ကို ၂၅ ရာခိုင်နှုန်းအထိ မြှင့်တင်သွားမည်ဖြစ်ကြောင်း ထရမ့်က မေ ၁ ရက်တွင် လူမှုမီဒီယာ၌ ခြိမ်းခြောက်ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဥရောပသည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ကုန်သွယ်ရေး သဘောတူညီချက် ရရှိခဲ့သည်။ ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပိုင်နက်နယ်မြေ ဂရင်းလန်းကျွန်းအား အမေရိကန်ဘက်က တောင်းဆိုမှုကြောင့် နှစ်ဖက် ဆက်ဆံရေးတင်းမာမှု ဖြစ်ပွားခြင်းနှင့် အမေရိကန် တရားရုံးချုပ်က ထရမ့်အစိုးရသည် စည်းကြပ်ခွန်မူဝါဒ ပမာဏအများအပြား တရားဥပဒေချိုးဖောက်နေသည်ဟု ချမှတ်ခြင်း စသည်တို့ကြောင့် ဥရောပသမဂ္ဂက သဘောတူညီချက်အား အတည်ပြုမှုသည် လအနည်းငယ် နှောင့်နှေးခဲ့သည်။
ဥရောပလွှတ်တော်မှ လွှတ်တော်အမတ်များက မတ် ၂၆ ရက်တွင် မဲပေး၍ တောင်းဆိုချက်ဖြင့် ဥရောပ-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်အား ကျင့်သုံးရန် ထောက်ခံအားပေးခဲ့သည်။ ဥရောပကော်မရှင်က မေ ၅ ရက်တွင် အမေရိကန်အနေဖြင့် ဇူလိုင်လကုန်၌ လက်မှတ်ရေးထိုးမှု တစ်နှစ်မပြည့်မီ သဘောတူညီချက်၏ အဓိကအကြောင်းအရာများအား ဆောလျင်စွာ အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။ (Xinhua)
—————-
(Chinese Version)
特朗普为欧盟履行美欧贸易协议设定最后期限
新华社纽约5月7日电(记者刘亚南)美国总统特朗普7日在社交媒体发文称,如果欧盟到7月4日仍未能履行去年与美国达成的双边贸易协议,欧盟输美产品关税将立即跳涨至更高水平。
特朗普说,他当天与欧盟委员会主席冯德莱恩进行了“非常好的通话”。他还说,欧盟已经承诺将履行双边贸易协议并把美国输欧产品关税降至零,他一直在耐心等待欧盟方面履约。
1日,特朗普通过社交媒体威胁说,由于欧盟没有遵守与美国的双边贸易协议,美国将在本周把欧盟输美汽车关税从15%提高至25%。
美欧于2025年7月达成贸易协议。由于双方因美国索要丹麦自治领地格陵兰岛引发关系紧张以及美国最高法院裁定特朗普政府大规模关税政策违法等,欧盟对协议的批准经历数月延迟。
欧洲议会议员3月26日投票支持有条件执行欧美贸易协议。欧盟委员会5月5日敦促美国在7月底协议签署一周年到来前尽快落实协议主要条款。(完)
图说:5月1日,美国总统特朗普在首都华盛顿白宫南草坪接受媒体采访。新华社发(李源清摄)
