International Organizations
အပျော်စီးသင်္ဘောတွင် ကူးစက်သည့် ဗိုင်းရပ်စ်အမျိုးအစားမှာ အန်ဒီးစ်ဗိုင်းရပ်စ်ဖြစ်ပြီး ယနေ့တိုင် အစီရင်ခံသည့် လူနာ ၈ ဦးတွင် အတည်ပြုလူနာ ၅ ဦး ရှိပြီဖြစ်ကြောင်း WHO ဆို
ဂျီနီဗာ၊ မေ ၈ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၇ ရက်တွင် လတ်တလောကာလအတွင်း အများဂရုပြုခြင်းခံရသည့် Hondius အပျော်စီးသင်္ဘောတွင် ဟန်တာဗိုင်းရပ်စ်ကူးစက်မှုအတွက် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာ ယနေ့တိုင် လူနာ ၈ ဦးရှိသည်ဟု အစီရင်ခံတင်ပြမှုရှိကြောင်း၊ ယခုအကြိမ် ကပ်ရောဂါတွင် ပါဝင်သည့် ဟန်တာဗိုင်းရပ်စ် အမျိုးအစားသည် အန်းဒီးစ်ဗိုင်းရပ်စ်ဖြစ်ကြောင်း၊ အဆိုပါကူးစက်မှုကြောင့် ပိုမိုကျယ်ပြန့်သည့် အများပြည်သူကျန်းမာရေး အန္တရာယ်ဖြစ်စေနိုင်မှုသည် အတန်အသင့် နည်းပါးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က သတင်းစာရှင်းလင်းပွဲတွင် အစီရင်ခံတင်ပြထားသည့် လူနာ ၈ ဦးအနက် ၅ ဦးသည် ဟန်တာဗိုင်းရပ်စ် ကူးစက်မှုအဖြစ် အတည်ပြုထားပြီးကာ ၃ ဦးကမူ သံသယလူနာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ်ကူးစက်မှုတွင် ပါဝင်သည့် ဟန်တာဗိုင်းရပ်စ်မျိုးစိတ်သည် အန်ဒီးစ်ဗိုင်းရပ်စ်ဖြစ်ကြောင်း၊ အဆိုပါဗိုင်းရပ်စ်အမျိုးအစားသည် လက်တင်အမေရိကတိုက်တွင် တွေ့ရှိရပြီး ယနေ့တိုင်တွေ့ရှိပြီးသည်တို့တွင် လူအချင်းချင်းအကြား အကန့်အသတ်ဖြင့် ကူးစက်နိုင်သည့် တစ်ခုတည်းသော ဟန်တာဗိုင်းရပ်စ် အမျိုးအစားဖြစ်ကြောင်း၊ ယခင်က အန်ဒီးစ်ဗိုင်းရပ်စ်ကူးစက်မှုများတွင် ၎င်း၏လူအချင်းချင်းအကြား ကူးစက်မှုမှာ အနီးကပ် သို့မဟုတ် ကာလကြာရှည်စွာ ထိတွေ့မှုနှင့် ပတ်သက်နေပြီး အထူးသဖြင့် မိသားစုဝင်များ၊ ရင်းနှီးသောအဖော်နှင့် ဆေးကုသရေးဝန်ဆောင်မှုပေးသူများအကြား နီးကပ်စွာ ထိတွေ့မှုများကြောင့် ဖြစ်ကြောင်း၊ “အခု အခြေအနေအရကြည့်မယ်ဆို တကယ်ဒီလိုမျိုးဖြစ်သလိုပါပဲ” ဟု တက်ဒရော့စ်က ပြောကြားခဲ့သည်။
အစောဆုံးအစီရင်ခံတင်ပြသည့် လူနာ ၂ ဦးသည် အာဂျင်တီးနား၊ ချီလီနှင့် ဥရုဂွေးသို့ ငှက်ရှုစားမှုခရီးစဉ် သွားရောက်ခဲ့ကြောင်း၊ ထိုကာလအတွင်း အန်ဒီးစ်ဗိုင်းရပ်စ် သယ်ဆောင်ထားသည်ဟု သိရှိထားပြီးဖြစ်သော ကြွက်အမျိုးအစား လှုပ်ရှားရာနေရာကိုလည်း သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း၊ WHO အနေဖြင့် အာဂျင်တီးနားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဆိုပါဇနီးမောင်နှံ၏ သွားလာမှုလမ်းကြောင်းအား လေ့လာနေကာ အာဂျင်တီးနားမှ နိုင်ငံ ၅ နိုင်ငံ၏ ဓာတ်ခွဲခန်းသို့ ဗိုင်းရပ်စ်စမ်းသပ်ရေးကိရိယာ အစုံ ၂,၅၀၀ ပေးပို့ရန် စီစဉ်လျက်ရှိကြောင်း တက်ဒရော့စ်က ထုတ်ဖော်ပြောကြားခဲ့သည်။
အန်ဒီးစ်ဗိုင်းရပ်စ်၏ ရောဂါပျိုးချိန်ကာလသည် ရက်သတ္တပတ် ၆ ပတ်ကြာနိုင်သည့်အတွက် အနာဂတ်တွင် အစီရင်ခံတင်ပြသည့် အတည်ပြုလူနာ ပိုမိုများလာနိုင်ကြောင်း တက်ဒရော့စ်က ထောက်ပြခဲ့သည်။ ယင်းသည် ဆိုးရွားသည့် ရောဂါကူးစက်မှုဖြစ်ရပ်တစ်ခုဖြစ်သော်လည်း ယင်းကြောင့် အများပြည်သူကျန်းမာရေးအပေါ် အန္တရာယ်ဖြစ်စေနိုင်မှုသည် အတန်အသင့်နည်းပါးဆဲဖြစ်သည်ဟု WHO ၏ သုံးသပ်မှုအရ ယူဆကြောင်းလည်း ၎င်းက တစ်ချိန်တည်းတွင် အလေးထား ပြောကြားခဲ့သည်။
WHO သည် နိုင်ငံများစွာ၏ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များနှင့်အတူ ရောဂါကူးစက်မှုကို ကိုင်တွယ်စီမံလျက်ရှိကြောင်း မိတ်ဆက်ပြောကြားချက်အရ သိရသည်။ “ကျွန်တော်တို့ရဲ့ ဦးစားပေးတာဝန်က သက်ရောက်မှုခံရတဲ့ လူနာတွေ ကုသမှုရရှိစေရန် အာမခံပေးဖို့၊ သင်္ဘောပေါ်ပါ အခြားခရီးသည်များရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ဂုဏ်သိက္ခာ အာမခံရှိဖို့ကို သေချာစေဖို့နဲ့ ဗိုင်းရပ်စ် တစ်ဆင့်တိုး ကူးစက်ပျံ့နှံ့မှုကို ကြိုတင်တားဆီးဖို့ပဲဖြစ်ပါတယ်” ဟု တက်ဒရော့စ်က ပြောကြားခဲ့သည်။
တက်ဒရော့စ်က စပိန်နိုင်ငံအစိုးရကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး လက်ရှိ ကူးစက်မှုဖြစ်ပွားသည့် အပျော်စီးသင်္ဘောသည် နေရာချထားနိုင်ရန်အတွက် စပိန်နိုင်ငံ ကနေရီကျွန်းစုသို့ ခုတ်မောင်းသွားလျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
世卫组织:邮轮疫情病毒种类为安第斯病毒 迄今已报告8例确诊5例
新华社日内瓦5月7日电(记者王露)世界卫生组织7日就近日备受关注的“洪迪厄斯”号邮轮汉坦病毒疫情举行新闻发布会,表示迄今收到8例病例报告,本轮疫情涉及的汉坦病毒种类为安第斯病毒,疫情引发更广泛公共卫生风险依然较低。
世卫组织总干事谭德塞在会上说,已报告的8例病例中,5例已确诊为汉坦病毒,3例为疑似病例。
谭德塞说,本轮疫情涉及的汉坦病毒种类是安第斯病毒,这种病毒发现于拉丁美洲,是目前已知唯一能够在人与人之间有限传播的汉坦病毒种类。在以往安第斯病毒疫情中,它的人际传播与密切或长时间接触有关,尤其是家庭成员、亲密伴侣和提供医疗服务人员间的密切接触,“就目前情况来看,似乎确实如此”。
谭德塞透露,最早报告的两个病例曾前往阿根廷、智利和乌拉圭进行观鸟之旅,期间还参观了已知携带安第斯病毒的鼠类出没的地点。世卫组织正与阿根廷卫生部门合作,了解这对夫妇的行踪,并安排从阿根廷向5个国家的实验室运送2500套病毒检测试剂盒。
谭德塞指出,鉴于安第斯病毒的潜伏期可长达6周,未来可能还会报告更多病例。他同时强调,虽然这是一起严重的疫情事件,但世卫组织评估认为其对公众健康造成的风险仍然较低。
据介绍,世卫组织正与多个国家政府和合作伙伴共同应对疫情。“我们的首要任务是确保受影响的患者得到治疗,确保船上其他乘客的安全和尊严得到保障,并防止病毒进一步传播”,谭德塞说。
谭德塞向西班牙政府表示感谢,目前涉疫邮轮正驶往西班牙加那利群岛接受安置。(完)
图说:这是2025年8月7日在瑞士日内瓦拍摄的世卫组织总部。新华社记者连漪摄
