Asia
၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖိလစ်ပိုင်တွင် ကျင်းပ
မနီလာ၊ မေ ၉ ရက် (ဆင်ဟွာ)
၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ်တွင် မေ ၈ ရက်က ကျင်းပခဲ့ပြီး အစည်းအဝေးတွင် စွမ်းအင်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ကမ္ဘာတစ်ဝန်းရှိ အာဆီယံပြည်သူများ၏ လုံခြုံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စသည့် အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ မားကို့စ်က အရှေ့အလယ်ပိုင်းဒေသအခြေအနေ နေ့စဉ်နှင့်အမျှ မငြိမ်မသက်မှုများက အာဆီယံနိုင်ငံများအပေါ် ရိုက်ခတ်ခဲ့ပြီး ပြည်သူများ၏ လူနေမှုပုံစံ၊ အသက်မွေးဝမ်းကျောင်းမှုနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့ရာ ယခုအကြိမ်ထိပ်သီးအစည်းအဝေးသည် စိန်ခေါ်မှုများနှင့် ပြည့်နှက်နေချိန်တွင် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိပ်သီးအစည်းအဝေးကာလအတွင်း တက်ရောက်လာကြသော အာဆီယံနိုင်ငံ ခေါင်းဆောင်များက ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်ရေး၊ ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်ရေးနှင့် အာဆီယံအတွင်း အရှေ့တီမောနိုင်ငံ အပြည့်အဝပေါင်းစည်းရေးကို ထောက်ခံအားပေးခြင်း စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာစာရွက်စာတမ်းများကို အတည်ပြုခဲ့ကြသည်။
အာဆီယံထိပ်သီးအစည်းအဝေးသည် ပုံမှန်အားဖြင့် ပထမနှစ်ဝက်တွင် တစ်ကြိမ်နှင့် ဒုတိယနှစ်ဝက်တွင် တစ်ကြိမ်ဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပလေ့ရှိသည်။ အာဆီယံကို ၁၉၆၇ နှစ်တွင် ထူထောင်ခဲ့ပြီး လက်ရှိအဖွဲ့ဝင်နိုင်ငံများတွင် အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် အရှေ့တီမော စသည့် ၁၁ နိုင်ငံပါဝင်သည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အရှေ့တီမောနိုင်ငံက အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံ တရားဝင်ဖြစ်လာခဲ့သည်။ (Xinhua)

ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ်တွင် ကျင်းပသော ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနား၌ ဖိလစ်ပိုင်သမ္မတ မားကို့စ်က မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
第48届东盟峰会在菲律宾举行
新华社马尼拉5月8日电(记者赵晨捷 郭依格)第48届东盟峰会8日在菲律宾宿务省举行,会议聚焦能源安全、粮食安全、世界各地东盟民众的安全、经济合作等议题。
东盟轮值主席国菲律宾总统马科斯称,中东局势日益动荡冲击了东盟国家,民众的生活方式、生计和生命受到威胁,此次峰会在一个充满挑战的时刻举行。
峰会期间,与会东盟国家领导人围绕海事合作、灾害应对、支持东帝汶全面融入东盟等议题进行了磋商,并通过了相关文件。
东盟峰会一般每年召开两次,上半年和下半年各一次。东盟成立于1967年,现成员国包括印度尼西亚、泰国、新加坡、菲律宾、文莱、马来西亚、越南、老挝、柬埔寨、缅甸和东帝汶11国。在2025年10月举办的第47届东盟峰会上,东帝汶正式成为东盟成员国。(完)
图说1:5月8日,在菲律宾宿务省,嘉宾在第48届东盟峰会及系列会议开幕式上合影。新华社记者 郭依格 摄
图说2:5月8日,在菲律宾宿务省,菲律宾总统马科斯在第48届东盟峰会及系列会议开幕式上讲话。新华社记者 郭依格 摄
