Connect with us

Asia

(အာရှ-ပစိဖိတ်အသိုက်အဝန်း) နှစ်ဦးနှစ်ဖက် အကျိုးရှိသော မိတ်ဖက်ဆောင်ရွက်မှု အရှိန်ရလာခြင်းကြောင့် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းများမှ ကမ္ဘောဒီးယားနိုင်ငံ အကျိုးကျေးဇူးများခံစားရ

ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗီလ်မြို့ရှိ သီဟာနုဗီလ် အထူးစီးပွားရေးဇုန် (SSEZ) ဝင်ပေါက်နေရာကို ၂၀၂၅ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ မေ ၉ ရက် (ဆင်ဟွာ)

မေ ၈ ရက်တွင် ထုတ်ပြန်လိုက်သော စစ်တမ်းအသစ်တစ်ခု၏ ရလဒ်များအရ စစ်တမ်းဖြေဆိုသူ ၉၇.၄ ရာခိုင်နှုန်းက တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ဆက်ဆံရေးအပေါ် အကောင်းမြင်ကြကြောင်း ဖော်ပြထားပြီး တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) စီမံကိန်းများမှာ ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်များစွာ၌ အကျိုးကျေးဇူး အမြောက်အမြား ဆောင်ကြဉ်းပေးလျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဖနွမ်းပင်မြို့အခြေစိုက် သီးခြားလွတ်လပ်သော Think Tank အဖွဲ့ဖြစ်သည့် Asian Vision Institute (AVI) က ကောက်ယူခဲ့သည့် “ကမ္ဘောဒီးယား-တရုတ် ဆက်ဆံရေး” စစ်တမ်းကို အွန်လိုင်းမှမေးခွန်းဖြေဆိုသည့် ပလက်ဖောင်းနှင့် လူကိုယ်တိုင်တွေ့ဆုံမေးမြန်းမှုများကို အသုံးပြု၍ ကောက်ယူထားခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် မတ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံရှိ စုစုပေါင်း ဖြေဆိုသူ ၂,၆၁၂ ဦး ပါဝင်ဖြေဆိုထားခြင်းဖြစ်သည်။

ထိုစစ်တမ်းက ကမ္ဘောဒီးယားနိုင်ငံရှိ အထင်ရှားဆုံး BRI စီမံကိန်းများကို အကဲဖြတ်ဖော်ပြထားခြင်းဖြစ်ရာ ဖြေဆိုသူ ၄၉.၂၇ ရာခိုင်နှုန်းက ဖနွမ်းပင်-သီဟာနုဗီလ် အဝေးပြေးလမ်းမက အများဆုံး အကျိုးပြုလျက်ရှိကြောင်း ဖြေဆိုခဲ့ကြသလို ယင်းနောက်တွင် သီဟာနုဗီလ် အထူးစီးပွားရေးဇုန်က ၂၅.၃၈ ရာခိုင်နှုန်း၊ ဆီရမ်ရိ(ပ်) အန်ကော အပြည်ပြည်ဆိုင်ရာလေဆိပ်က ၁၁ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေး Preah Kossamak ဆေးရုံက ၁၀.၃၄ ရာခိုင်နှုန်း စသဖြင့် ဖြေဆိုခဲ့ကြသည်။

“BRI က ကမ္ဘောဒီးယားနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုတစ်ခုတည်းကိုသာ ဆောင်ကြဉ်းပေးသည်သာမက အဆင့်မြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များနှင့် အကျိုးကျေးဇူးများ အောင်မြင်မှုကိုလည်း အကျိုးဆောင်ပေးကြောင်း” စစ်တမ်းက ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ပိုမိုလက်လှမ်းမီသော အခြေခံအဆောက်အအုံ၊ ပိုမိုမြင့်မားသောဝင်ငွေ၊ ပိုမိုများပြားသော အလုပ်အကိုင်၊ ပညာရေးနှင့် အခြား ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ အပါအဝင် အဓိကနယ်ပယ်သုံးခုတွင် BRI ၏ ထင်သာမြင်သာရှိသော အကျိုးကျေးဇူးများ ရရှိကြောင်း စစ်တမ်း၌ ဖြည့်စွက်ဖော်ပြထားသည်။
ထို့ပြင် တရုတ်က ကမ္ဘောဒီးယားနိုင်ငံအား အခြေခံအဆောက်အအုံများ ပိုမိုတည်ဆောက်ရေးတွင် အထောက်အကူပြုပေးသလို ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များကို ပိုမိုတင်သွင်းခဲ့ကာ အလုပ်အကိုင်အခွင့်အလမ်းများ ပို၍ဖန်တီးပေးနိုင်ရေးအတွက် ကမ္ဘောဒီးယားတွင် တရုတ်ကုမ္ပဏီများ ပိုမိုရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းအားပေးလျက်ရှိကြောင်း စစ်တမ်းဖြေဆိုသူများက ပြောကြားခဲ့သည်ဟု စစ်တမ်းအရ သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260508/abd2dff44e004bc4b9f94154121444eb/c.html

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်-သီဟာနုဗီလ် အဝေးပြေးလမ်းရှိ လမ်းပိုင်းတစ်ခုတွင် မောင်းနှင်နေသော မော်တော်ကားများကို ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

…………..
(English Version)
Asia-Pacific Community: Cambodia reaps dividends from China’s BRI projects as win-win partnership gains steam
PHNOM PENH, May 8 (Xinhua) — The results of a new survey released on Friday showed that 97.4 percent of the respondents were optimistic about Cambodia’s relations with China, saying that China’s Belt and Road Initiative (BRI) projects have brought a lot of benefits in many development areas of Cambodia.
Conducted by the Asian Vision Institute (AVI), an independent think tank based in Phnom Penh, the survey on “Cambodia-China Relations” was participated by a total of 2,612 respondents in Cambodia from December 2025 to March 2026, using an online questionnaire-administered platform as well as with in-person interviews.
The survey showed that when it came to the assessment of the most impressive BRI projects in Cambodia, 49.27 percent of the respondents stated that the Phnom Penh-Sihanoukville Expressway has provided the most benefits, followed by the Sihanoukville Special Economy Zone (25.38 percent), the Siem Reap Angkor International Airport (11 percent) and the Cambodia-China Friendship Preah Kossamak Hospital (10.34 percent).
“BRI not only brings about one single development agenda into Cambodia, but they also contribute to advancing the achievement of multi-dimensional development objectives and benefits to Cambodia,” the survey said.
“Cambodia has observed the significant benefits of BRI in three main areas, including more convenient infrastructure, higher income, and more employment, education and other development opportunities,” it added.
In the survey, respondents said that China helped Cambodia build more infrastructure, imported more Cambodian agricultural products, and encouraged more Chinese companies to invest in Cambodia for more job creation.
https://english.news.cn/20260508/abd2dff44e004bc4b9f94154121444eb/c.html
Photo 1: An aerial drone photo taken on May 22, 2025 shows the entrance of the Sihanoukville Special Economy Zone (SSEZ) in Sihanoukville, Cambodia. (Photo by Nitola/Xinhua)
Photo 2: This photo taken on March 17, 2025 shows cars driving on a section of the Phnom Penh-Sihanoukville Expressway in Cambodia. (Xinhua/Cheong Kam Ka)