China
CMG နှင့် FIFA တို့ ကာလအသစ် မီဒီယာမူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီမှုရရှိ
ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)
China Media Group (CMG) နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) တို့သည် FIFA ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာလအသစ် မီဒီယာမူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီမှုရရှိခဲ့ကြောင်း မေ ၁၅ ရက်တွင် အတူတကွ ထုတ်ပြန်ကြေညာခဲ့သည်။ ပူးပေါင်းဆောင်ရွက်မည့်ပြိုင်ပွဲများမှာ ၂၀၂၆ ခုနှစ် အမေရိကန်-ကနေဒါ-မက္ကဆီကို ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၂၇ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၃၁ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတို့ဖြစ်သည်။
နှစ်ဖက်ပူးပေါင်းဆောင်ရွက်သည့်ဆန္ဒအရ CMG သည် ယခုကာလအတွင်း ပူးပေါင်းဆောင်ရွက်သော ပြိုင်ပွဲများအတွက် တရုတ်နိုင်ငံ ပြည်မကြီး၌ အခမဲ့ထုတ်လွှင့်သော ရုပ်မြင်သံကြား၊ အခပေး ရုပ်မြင်သံကြား၊ အင်တာနက်နှင့် မိုဘိုင်းစက်ပစ္စည်း စသည်တို့ အပါအဝင် တစ်ဦးတည်း မီဒီယာစုံမူပိုင်ခွင့်နှင့် မီဒီယာတစ်ဆင့်ခံလိုင်စင် အခွင့်အရေးများ ရရှိမည်ဖြစ်သည်။
CMG နှင့် FIFA ၏ ပူးပေါင်းဆောင်ရွက်မှုသည် ၁၉၇၈ ခုနှစ်တွင် စတင်ခဲ့သည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေကျင်းစံတော်ချိန် ဇွန် ၁၂ ရက်မှ ဇူလိုင် ၂၀ ရက်အထိ အမေရိကန်၊ ကနေဒါ၊ မက္ကဆီ နိုင်ငံတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းသည် ကမ္ဘာ့ဖလားသမိုင်း၌ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံသုံးနိုင်ငံ အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ယခုအကြိမ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို ၃၂ သင်းမှ ၄၈ သင်းအထိ တိုးချဲ့ထားပြီး ပြိုင်ပွဲပေါင်း ၁၀၄ ပွဲ ကျင်းပမည်ဖြစ်ရာ ပမာဏမှာ သမိုင်းတစ်လျှောက် အကြီးမားဆုံးပင်ဖြစ်သည်။
FIFA အထွေထွေအတွင်းရေးမှူးချုပ် Mattias Grafström က “တရုတ်ဈေးကွက်က ကမ္ဘာ့ဘောလုံးလောကအတွက် အလွန်အရေးကြီးပါတယ်။ တရုတ်ဘောလုံးပရိသတ်တွေရဲ့ ဘောလုံးအပေါ် နှစ်သက်အားပေးမှုကို ကျွန်တော်တို့သေချာနားလည်သိရှိပါတယ်။ CMG နဲ့ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ကမ္ဘာ့ဖလားကို တရုတ်ဘောလုံးပရိသတ်တွေဆီ ပြသနိုင်တဲ့အတွက် ကျွန်တော်တို့ အလွန်ဝမ်းမြောက်သလို ဂုဏ်ယူမိပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
中央广播电视总台与国际足联达成新周期版权合作
新华社北京5月15日电 中央广播电视总台与国际足球联合会15日共同宣布,就国际足联世界杯新周期版权合作达成共识。合作赛事包括2026年美加墨世界杯以及2030年世界杯、2027年女足世界杯、2031年女足世界杯。
根据双方合作意向,中央广播电视总台获得本周期合作赛事中国大陆独家全媒体权利及媒体分授权利,包括开路电视、付费电视、互联网和移动设备等。
中央广播电视总台与国际足联的合作始于1978年。2026年世界杯将于北京时间6月12日至7月20日在美国、加拿大、墨西哥举行,这是世界杯历史上首次由三个国家共同承办。本届赛事参赛队伍由32支扩军至48支,共将进行104场比赛,规模创历史之最。
国际足联秘书长马蒂亚斯·格拉夫斯特伦说:“中国市场对全球足球界而言至关重要。我们深知中国球迷对足球的热情,对于通过与中央广播电视总台的合作将世界杯带给所有中国球迷,我们感到十分欣喜与自豪。”(完)
图说:这是5月10日在墨西哥首都墨西哥城街头拍摄的大力神杯装置。新华社发(弗朗西斯科·卡涅多 摄)
