Connect with us

China

တရုတ်-အမေရိကန် အပြန်အလှန် တုံ့ပြန်မှုအပေါ် ဂျပန်၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖြေကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၆ ခုနှစ် မေ ၁၈ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မေ ၁၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်-အမေရိကန် အပြန်အလှန် တုံ့ပြန်မှုအပေါ် ဂျပန်၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဂျပန်အနေဖြင့် ထိုင်ဝမ်နှင့်ပတ်သက်သည့် မှားယွင်းသော ပြောဆိုပြုမူမှုများကို ဆောလျင်စွာ အမှားပြင်ဆင်ရန်၊ “ထပ်မံ စစ်ရေးအသွင်ပြောင်းရေး” အရှိန်မြှင့် လုပ်ဆောင်ရွက်မှုများကို ရပ်တန့်ရန်၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့် တရုတ်နိုင်ငံခရီးစဉ်မှ အမေရိကန်သို့ပြန်သော လမ်းခရီးအတွင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် ထရမ့်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရန် စိတ်အားထက်သန်ခဲ့ပြီး မဟာမိတ်ဆက်ဆံရေး၏ အရေးပါမှုကို ထပ်လောင်းပြောဆိုခဲ့ကြောင်း၊ ဂျပန်နိုင်ငံအပေါ် သက်ရောက်နိုင်ခြေရှိသည်များ အပါအဝင် တရုတ်-အမေရိကန် အပြန်အလှန်တုံ့ပြန်မှုဆိုင်ရာ အချက်အလက်များကို စုဆောင်းသွားပြီး ကောင်းမွန်ဆီလျော်စွာ ရင်ဆိုင်တုံ့ပြန်သွားမည်ဟု ဂျပန်ဘက်က ဆိုခဲ့ကြောင်း၊ ယင်းနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ မှတ်ချက်ပြုမည်နည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။
“သမ္မတ ထရမ့် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်တဲ့ကာလအတွင်း နှစ်နိုင်ငံခေါင်းဆောင်တို့က ဘုံဂရုပြုကြတဲ့ ဒေသတွင်းကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း အမြင်သဘောချင်း ဖလှယ်ခဲ့ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ် ၈၀ တွင် တရုတ်၊ အမေရိကန် စသည့် မဟာမိတ်နိုင်ငံများသည် ပခုံးချင်းယှဉ် တိုက်ပွဲဝင်၍ ဂျပန်စစ်ဝါဒနှင့် ဖက်ဆစ်အင်အားစုများကို လက်တွဲအနိုင်တိုက်ခဲ့ရာ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာစည်းစနစ်ကို ဖန်တီးခဲ့ပြီး အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ခိုင်မာစေခဲ့ကြောင်း၊ လက်ရှိတွင် ဂျပန်လက်ယာယိမ်း အင်အားစုသည် ဤစည်းစနစ်ကို စိန်ခေါ်ရန် ကြံစည်နေပြီး အာရှ-ပစိဖိတ်ဒေသငြိမ်းချမ်းရေးအခြေခံအုတ်မြစ်ကို ယိမ်းယိုင်စေရာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အထူးသတိထားမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဂျပန်ဘက်အနေဖြင့် လုပ်ဆောင်သင့်ဆုံးအရာမှာ ထိုင်ဝမ်နှင့်ပတ်သက်သည့် မှားယွင်းသော ပြောဆိုပြုမူမှုများကို ဆောလျင်စွာ ပြင်ဆင်ရန်၊ “ထပ်မံ စစ်ရေးအသွင်ပြောင်းရေး” အရှိန်မြှင့် လုပ်ဆောင်ရွက်မှုများကို ရပ်တန့်ရန်၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန်၊ လက်တွေ့လုပ်ဆောင်မှုများဖြင့် အာရှအိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှုရယူရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
外交部发言人就日本涉中美互动动向答记者问
新华社北京5月18日电(记者冯歆然、吴梦桐)外交部发言人郭嘉昆18日在例行记者会上就日本涉中美互动动向答记者问,敦促日方尽早纠正涉台错误言行,停止“再军事化”的狂飙突进,回到睦邻友好、和平发展的正道上来。
有记者问:在美国总统特朗普结束访华回国途中,日本首相高市早苗迫不及待与其通电话,以重申同盟关系的重要性。日本称将收集中美互动的相关信息,包括可能对日本产生的影响,并作出妥善应对。请问发言人对此如何评论?
“特朗普总统访华期间,两国元首就共同关心的地区问题深入交换意见。”郭嘉昆说,80多年前,中国、美国等同盟国并肩作战,携手击败日本军国主义和法西斯势力,缔造了二战后国际秩序,为亚太地区和平发展奠定了基础。当前,日本右翼势力妄图挑战这一秩序,动摇亚太和平基石,引起国际社会高度警惕。日方最应当做的是尽早纠正涉台错误言行,停止“再军事化”的狂飙突进,回到睦邻友好、和平发展的正道上来,以实际行动取信于亚洲邻国和国际社会。(完)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117