Connect with us

China

တရုတ်-ရုရှား အချိန်အခါမရွေး မိတ်ဖက်ဆက်ဆံရေးက ကမ္ဘာကြီးကို လှိုင်းလေထန်မှုအကြား တည်ငြိမ်အောင်ထိန်းမတ်ပေး

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ‌ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့တွင် ကျင်းပသော ၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲကို လာရောက်လေ့လာသူများကို ၂၀၂၆ ခုနှစ် ‌မေ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသို့ မကြာမီ ခရီးပြုမည့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်၏ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးကို တစ်ဆင့်တိုး မြှင့်တင်ပေးမည်ဖြစ်သလို လှိုင်းလေထန်နေသော ကမ္ဘာကြီးအတွက် ပိုမိုလိုအပ်နေသော တည်ငြိမ်မှုနှင့် အပြုသဘော အရှိန်အဟုန်များကို ဖြည့်တင်းပေးမည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားကြသည်။
ယခုနှစ်သည် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့်နှင့် တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်‌ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း ၂၅ နှစ်မြောက် အခါသမယလည်း ဖြစ်သည်။
အဆိုပါ သမိုင်းမှတ်တိုင်များသည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ကိုယ်စီ နိုင်ငံအခြေအနေများနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းလျက်ရှိစဉ်တွင်ပင် နှစ်နိုင်ငံ၏ ပင်မအကျိုးစီးပွားများနှင့် အဓိကဘုံဂရုပြုသော စိုးရိမ်ပူပန်မှုများ၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအပေါ် အပြန်အလှန် လေးစားခြင်းအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသော ရင့်ကျက်၍ ကြံ့ကြံ့ခံမှုရှိသည့် ဆက်ဆံရေးကို အလေးထားဖော်ပြခြင်းလည်း ဖြစ်ပေသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် မျှော်မှန်းချက်များ၏ လမ်းညွှန်မှုများဖြင့် တရုတ်-ရုရှား ဆက်ဆံရေးသည် ခေတ်သစ် နိုင်ငံကြီးဆက်ဆံရေး၏ စံနမူနာသစ်ဖြစ်ပြီး ပိုမိုမြင့်မားသောအဆင့်များသို့ စဉ်ဆက်မပြတ် မြှင့်တင်လျက်ရှိကာ ပို၍ ကျယ်ပြန့်သောအတိုင်းအတာများအထိ တိုးချဲ့လျက်ရှိသည်။ ၂၀၁၃ ခုနှစ်မှစ၍ ခေါင်းဆောင်နှစ်ဦးတို့သည် နှစ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံစုံ တွေ့ဆုံဆွေးနွေးမှုအခါသမယများစွာ၌ အကြိမ်ပေါင်း ၄၀ ကျော် တွေ့ဆုံခဲ့ကြသည်။
ထို့ပြင် တရုတ်-ရုရှား ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးမှာ ပိုမိုခိုင်မာမြဲမြံကာ ပိုမိုထိရောက်စွာ တိုးတက်လာခဲ့ပြီး နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းလျက် အိမ်နီးချင်းကောင်း ချစ်ကြည်မှုနှင့် နယ်ပယ်စုံ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အဓွန့်ရှည်တည်တံ့လာခဲ့သည်။
ထို့ပြင် အလွှာအသီးသီးရှိ ဝန်ကြီးဌာနများနှင့် အေဂျင်စီများအကြား အဖွဲ့အစည်းအလိုက် ဆွေးနွေးမှုယန္တရားများမှာ အကျိုးဖြစ်ထွန်းသောရလဒ်များ ဆောင်ကြဉ်းပေးလျက်ရှိကြောင်း၊ ကိုယ်စီနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားအတွက် အပြန်အလှန် ကျောထောက်နောက်ခံပြု၍ ထောက်ခံအားပေးလျက်ရှိသည်။ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကလည်း တရုတ်-ရုရှား ဆက်ဆံရေးတွင် အခြေခံအုတ်မြစ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်သလို ခိုင်မာသော အခြေခံများနှင့် အဓိက အခြေခံအဆောက်အအုံ စီမံကိန်းများ တည်ငြိမ်စွာ တိုးတက်မှုတို့ဖြင့် တည်ငြိမ်အောင်ထိန်းမတ်ပေးလျက်ရှိပေသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260519/ceecf8995f0f4055be65c5964c3caef4/c.html

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် ကျင်းပသော ၆ ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲ (CICPE) အတွင်း ရုရှားနိုင်ငံမှ လက်မှုပစ္စည်းများကို ခင်းကျင်းပြသနေသည့် ပြပွဲပြသသူတစ်ဦးကို ၂၀၂၆ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
China-Russia all-round partnership helps anchor the world amid turbulence
BEIJING, May 19 (Xinhua) — Russian President Vladimir Putin’s upcoming visit to China is widely expected to elevate bilateral relations further and inject much-needed stability and positive momentum into a turbulent world.
This year marks the 30th anniversary of the establishment of the China-Russia strategic partnership of coordination and the 25th anniversary of the signing of the China-Russia Treaty of Good-Neighborliness and Friendly Cooperation.
These milestones underscore the maturity and resilience of a relationship defined by mutual respect for each other’s core interests and major concerns as well as mutually beneficial cooperation, while both sides pursue development paths suited to their own national conditions.
Guided by the strategic visions of the two heads of state, China-Russia relations have been continuously advancing to higher levels and expanding to broader dimensions, serving as a model for major-country relations in the new era. Since 2013, the two leaders have met more than 40 times on bilateral and multilateral occasions.
The China-Russia comprehensive strategic partnership of coordination for a new era has grown steadily stronger and more substantive, underpinned by deepening political mutual trust, enduring good-neighborly friendship and practical cooperation across multiple fields.
Institutionalized dialogue mechanisms among ministries and agencies at all levels have continued to deliver fruitful outcomes, supported by mutual backing for each other’s development interests. Energy cooperation remains a cornerstone of China-Russia ties, anchored by solid foundations and the steady progress of major infrastructure projects.
https://english.news.cn/20260519/ceecf8995f0f4055be65c5964c3caef4/c.html
Photo 1: Attendees visit the 10th China-Russia Expo in Harbin, northeast China’s Heilongjiang Province, May 17, 2026. (Xinhua/Zhang Tao)
Photo 2: An exhibitor displays handicrafts from Russia during the sixth China International Consumer Products Expo (CICPE) in Haikou, south China’s Hainan Province, April 16, 2026.(Xinhua/Pu Xiaoxu)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117