Connect with us

China

AI နည်းပညာနှင့် ပတ်သက်၍ အစိုးရနှစ်ရပ်အကြား ဆွေးနွေးပွဲကျင်းပရန် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ သဘောတူ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ကျုံးနန်ဟိုင်၌ ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က သီးသန့်တွေ့ဆုံနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)
မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် ဉာဏ်ရည်တုနည်းပညာ (AI) နှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ခဲ့ကာ ထိုကိစ္စရပ်နှင့် ပတ်သက်၍ အစိုးရနှစ်ရပ်အကြား ဆွေးနွေးပွဲကျင်းပရန် သဘောတူခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မေ ၁၉ ရက်၌ ပြောကြားခဲ့သည်။
AI နည်းပညာတွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံနှစ်နိုင်ငံဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် လူ့အဖွဲ့အစည်း တိုးတက်မှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံသာယာဝပြောမှုကို ပိုမိုထိရောက်ကောင်းမွန်စွာ အကျိုးပြုနိုင်ရေးအတွက် AI နည်းပညာတီထွင်မှု မြှင့်တင်ခြင်းနှင့် စီမံခန့်ခွဲမှု အဆင့်မြှင့်တင်ခြင်းကို အတူတကွလုပ်ဆောင်ရန် လိုအပ်သည်ဟု ယင်းနှင့်သက်ဆိုင်သည့် မေးမြန်းမှုကို ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြန်လည်ဖြေကြားရာတွင် ကောက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
…………………………………………………
(English Version)
China, U.S. agree on intergovernmental dialogue on AI
BEIJING, May 19 (Xinhua) — During U.S. President Donald Trump’s recent visit to China, the two heads of state had constructive exchanges on artificial intelligence (AI) and agreed to hold dialogue between the two governments on this issue, Chinese Foreign Ministry Spokesperson Guo Jiakun said on Tuesday.
As two leading AI powers, China and the United States need to work together to promote the development and improve the governance of AI to make sure that it will better contribute to the progress of human civilization and common welfare of the international community, Guo said at a daily press briefing in response to a related query.
English Caption
Chinese President Xi Jinping and U.S. President Donald Trump have a private meeting at Zhongnanhai in Beijing, capital of China, May 15, 2026. (Xinhua/Li Xiang)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117