Connect with us

Latin America

ရုရှားနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကျူးဘားနိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်

ရုရှားနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာတီတော့ဗ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟာဗားနား၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ပထမ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာတီတော့ဗ် (Vladimir Titov) သည် ကျူးဘားနိုင်ငံသို့ အလုပ်သဘောခရီးအဖြစ် ရောက်ရှိနေကြောင်း ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သော ကြေညာချက်အရ သိရသည်။

တီတော့ဗ်သည် ကျူးဘားနိုင်ငံတွင် ရှိနေစဉ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအကြား လာမည့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ထို့ပြင် ၎င်းသည် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂိုဂူ့ဇ် (Bruno Rodriguez) နှင့် ဖေဖော်ဝါရီလ ၂၅ ရက်က အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။ အစည်းအဝေးအတွင်း နှစ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံရေး၊ စီးပွားရေး၊ ကုန်သွယရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ဆက်လက်ခိုင်မာရန် ဆောင်ရွက်သင့်ကြောင်း အလေးထားပြောကြားခဲ့သည်။ရုရှားနိုင်ငံနှင့် ကျူးဘားနိုင်ငံတို့သည် စစ်အေးခေတ်အချိန်များကတည်းက မဟာမိတ်များဖြစ်ခဲ့ပြီး နီးကပ်သော ဆက်ဆံရေးများအား ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)