Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံသား အသတ်ခံရမှုမှ သံသယရှိသူ အမျိုးသမီးအား လွှတ်ပေးရန် မလေးရှားအား ဗီယက်နမ်တောင်းဆို

မြောက်ကိုရီးယားအမျိုးသား အသတ်ခံရမှုမှ သံသယရှိသူ Doan Thi Huong အားရုံးထုတ်လာစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh သည် မြောက်ကိုရီးယားအမျိုးသား အသတ်ခံရမှုတွင် ပါဝင်သည့် ဗီယက်နမ်အမျိုးသမီး အား တရားစီရင်မှု နှင့် ပတ်သက်၍ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အား တယ်လီဖုန်းဖြင့်ဆက်သွယ်ကာ ယင်းအမျိုးသမီးအား ပြန်လွှတ်ပေးရန် မလေးရှားနိုင်ငံကို တောင်းဆိုခဲ့ကြောင်း ပြည်တွင်းသတင်း၌ မတ် ၁၃ ရက်ကဖော်ပြခဲ့သည်။

မတ် ၁၂ရက်တွင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နှင့် တယ်လီဖုန်းပြောဆိုမှုအတွင်း Minh က ဗီယက်နမ်နိုင်ငံ၏ အဆင့်မြင့်ခေါင်းဆောင်ပိုင်းများ နှင့် ဗီယက်နမ်ပြည်သူများသည် ယင်းတရားစီရင်မှု ၏ တိုးတက်မှုတိုင်းကို အလေးထားပါကြောင်း၊ မလေးရှားတရားရုံးများအနေဖြင့် ယင်းအမှုအား မျှတစွာ စီရင်ပြီး Doan Thi Huong အား ပြန်လွှတ်ပေးရန် တိုက်တွန်းခဲ့ကြောင်း Vietnam News သတင်းကဖော်ပြခဲ့သည်။

အသက် ၃၀နှစ်အရွယ်ရှိ Huong သည် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်တွင် ကွာလာလမ်ပူလေဆိပ်၌ အာရုံကြောအဆိပ်ဖြင့် မြောက်ကိုရီးယားအမျိုးသားအား လုပ်ကြံခဲ့ကြောင်း စွပ်စွဲခံထားရပြီး ယင်းအမျိုးသားမှာ သေဆုံးခဲ့ကြောင်း သိရသည်။

၎င်းနှင့်တွဲဖက် တရားခံတစ်ဦးဖြစ်သူ အင်ဒိုနီးရှားနိုင်ငံသား Siti Aisyah အား တရားရုံး၌ ၂နှစ်ကြာ တရားစီရင်ပြီးနောက် မတ် ၁၁ရက်တွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.