Connect with us

Politics, Law & Military

တောင်ငူမြို့တွင် ငွေကျပ် ၂၈,၉၅၇သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

တောင်ငူမြို့တွင် ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် တရားခံအားတွေ့ရစဉ်(ရဲဇာနည်)

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တောင်ငူမြို့၊(၄)မိုင် စစ်ဆေးရေးဂိတ်တွင် ငွေကျပ် ၂၈,၉၅၇သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်း တောင်ငူမြို့၏ (၄)မိုင် စစ်ဆေးရေးဂိတ်တွင် မတ် ၁၃ရက် နေ့လည်ပိုင်းက ထွန်းထွန်းလင်း မောင်းနှင်ပြီး စိန်လွင်ဦး လိုက်ပါလာသည့် HINO အမျိုးအစား(၆)ဘီး မော်တော်ယာဉ်ကိုစစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် ပိတ်ဆို့ ရှာဖွေရာ သပြေလှကျေးရွာအနီး၌ ထွန်းထွန်းလင်း အား မော်တော်ယာဉ်နှင့်အတူတွေ့ရှိရပြီး စိန်လွင်ဦးသည် ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ မော်တော်ယာဉ်ကိုဆက်လက်စစ်ဆေးရှာဖွေရာ ပီနံအိတ် ၃ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅,၂၅၀ ပြား၊ ငွေ ၉၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်မောင်း ထွန်းထွန်းလင်း(၃၅)နှစ်နှင့် စိန်လွင်ဦး(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117