Connect with us

Environment, Disasters & Accidents

မိုးညှင်းမြို့နယ်တွင် ယာဉ်တိမ်းမှောက်ပြီး လူ၁၄ ဦး ဒဏ်ရာရရှိ

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သော ယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထဲရေး)

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် မတ် ၂၇ ရက် နေ့လည်ပိုင်းက ယာဉ်တိမ်းမှောက်ပြီး လူ ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

ခရီးသည် ၁၅ ဦးပါဝင်သော Light Truck ယာဉ်သည် ဝဲရှေ့ဘီးပေါက်ကာ လမ်းယာဘက်ခြမ်းရှိ ရေမြောင်းအတွင်း သို့ ထိုးကျတိမ်းမှောက်သွားခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ ကျန် ၁၃ ဦးသည် ဦးခေါင်း/မျက်ခုံး ပေါက်ပြဲ၊ ရင်ဘတ်၊ လက်၊ ခါး ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိ၍ ဟိုပင်မြို့၊ပြည် သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းအား ဟိုပင်နယ်မြေရဲစခန်းမှ ယာဉ်(ပ)၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၃၈(ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ ပေါ့လျော့မှုကြောင့် သာမန်/ ပြင်းထန်နာကျင် စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117