Connect with us

Asia

ခေတ်သစ်ပိုးလမ်းမကြီးအတူလက်တွဲပူးပေါင်းမှုမှ သီရိလင်္ကာနိုင်ငံ၏ရထားလမ်းဆက်သွယ်ရေး သမိုင်းစာမျက်နှာတစ်ခု ဖွင့်လှစ်နိုင်


Beliatta ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

ရထားကို သီရိလင်္ကာနိုင်ငံတွင် အများပြည်သူနေ့စဉ်သွားလာရာတွင် အသုံးပြုကြရသလို ရထားစီးနင်း ခြင်းသည် အိန္ဒိယသမုဒ္ဒရာ ကျွန်းနိုင်ငံဖြစ်သည့် သီရိလင်္ကာ၏ ခရီးသွားလုပ်ငန်း ထူးခြားမှုကြီးလည်း ဖြစ်သည်။ သို့သော်လည်း သီရိလင်္ကာတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး ကတည်းက ရထားလမ်း သစ် ဖောက်လုပ်တည်ဆောက်မှု မရှိခဲ့သည်မှာ ၂၀၁၉ခုနှစ် ဧပြီ ၈ ရက်နေ့အထိပင် ဖြစ်သည်။

၂၀၁၉ ခုနှစ် ဧပြီ ၈ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ပေး သည့် သီရိလင်္ကာ တောင်ပိုင်း ထပ်တိုးရထားလမ်းပထမစီမံကိန်းအောင်မြင်စွာပြီးဆုံး ဖွင့်လှစ်နိုင်ခဲ့ သည်။ အဆိုပါရထားလမ်းသည် သီရိလင်္ကာနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်း တည်ဆောက်မှု မူဘောင်အောက်တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည့် ရထားလမ်းဆောက်လုပ်မှု စီမံကိန်းကြီး ဖြစ်သလို သီရိလင်္ကာနိုင်ငံ၏ ရထားလမ်းဆက်သွယ်ရေးသမိုင်း စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခြင်းပင်ဖြစ်သည်။

ရထားလမ်းသစ်ပေါ်တွင် စမ်းသပ်မောင်းနှင်ခဲ့သော ရထားမှူး ဆာရာချန်ဒရာက “သီရိလင်္ကာမှာ အခုလို ရထားလမ်းသစ်ဖောက်လုပ်နိုင်တဲ့အတွက် အရမ်းဝမ်းသာတယ်၊ အခုဖောက်လုပ်တဲ့ ရထားသံလမ်းက ကောင်းတယ် ၊ မောင်းရင် ငြိမ်နေတာပဲ ”ဟု ဆိုသည်။

သီရိလင်္ကာနိုင်ငံတောင်ပိုင်း ထပ်တိုးဖောက်လုပ်တည်ဆောက်ထားသည့် ရထားလမ်းအား တွေ့ရစဉ် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ တောင်ပိုင်းတွင်ရှိသော တည်ဆောက်မှုလုပ်ငန်း ပထမကာလ ထပ်တိုးရထားလမ်း အရှည်စုစုပေါင်း ၂၆.၇၅ ကီလိုမီတာရှိ ပြီး Matara နှင့် Beliatta မြို့ကို ဆက်သွယ်ထားရာ တစ်နာရီ လျှင် ၁၂၀ ကီလိုမီတာ မြန်နှုန်းဖြင့် ခုတ်မောင်းသွားလာနိုင်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းကို China National Machinery Import and Export Corporationမှ အဓိက တာဝန်ယူတည်ဆောက် ပြီး China Exim Bankက ချေးငွေထောက်ပံ့ထားကြောင်း သိရသည်။

“တောင်ပိုင်း ရထားလမ်းက သီရိလင်္ကာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ပထမဆုံးအသစ်တည်ဆောက်တဲ့ရထားလမ်းဖြစ်ပါတယ်၊ ဒီရထားလမ်းကို ကူညီပြုပြင်တည်ဆောက် ပေးတဲ့ တရုတ်နိုင်ငံကိုလည်း ကျေးဇူးတင်ပါတယ်”ဟု သီရိလင်္ကာနိုင်ငံ ပို့ဆောင်ရေးနှင့်မြို့ပြ လေကြောင်းဝန်ကြီးဌာန ဝန်ကြီးArjuna Ranatungaက ရထားလမ်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြား ခဲ့သည်။

အဆိုပါရထားလမ်းဖွင့်လှစ်မှုတွင် ပထမဆုံးလိုက်ပါစီးနင်းလာသည့် ခရီးသည် ဗာမလဝါတီကလည်း “ကျွန်မကMatara နှင့် Beliatta မြို့အမြဲတမ်းအသွားအပြန်လုပ်နေရသူပါ၊ အရင်ကတော့ ကားပဲစီးရ တယ်၊ လမ်းကလည်းကြမ်းတယ်၊ အခုကတော့ အမြန်မောင်းနှင်နိုင်တဲ့ရထားကို ငြိမ့်ငြိမ့်လေးစီးပြီး သက်သောင့်သက်သာသွားလာနိုင်ပြီ ”ဟု ဝမ်းသာအားရဆိုသည်။

သီရိလင်္ကာနိုင်ငံ တောင်ပိုင်း ရထားလမ်းစီမံကိန်းသည် သီရိလင်္ကာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်ကြောင်း ဒေသခံများက ဆိုသည်။ နောက်ပိုင်းတွင် တောင်ပိုင်းရထားလမ်းကို ဆိပ်ကမ်းနှင့်လေဆိပ်ရှိရာ Hambantota ဒေသအထိ ထပ်မံထပ်တိုးဖောက်လုပ်သွားမည်ဖြစ်ရာ ၎င်းမှာ သီရိလင်္ကာတောင်ပိုင်း ကုန်းကြောင်းလမ်း၊ ရေကြောင်းလမ်းနှင့် လေကြောင်းလမ်း ပေါင်းစည်းဆက်နွယ်ရာ သယ်ယူပို့ဆောင်ရေးကွန်ရက်ဖြစ် လာမည်ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117