Politics, Law & Military
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဗီယက်နမ်နိုင်ငံသို့ မကြာမီ ကာလ အတွင်း တရားဝင် အလုပ် သဘော ခရီးစဉ် သွားရောက်မည်
ရန်ကုန် ၊ မေ ၇ ရက်(ဆင်ဟွာ)
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့သည် ဗီယက်နမ်နိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင် အလုပ်သဘောခရီးစဉ်သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်မှု အရ သိရသည်။
ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာငုယင်ဖူးကျောင့်နှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ သွားရောက်မည် ဖြစ်ပြီး ခရီးစဉ်နှင့်ဆက်စပ်၍ ဗီယက်နမ်နိုင်ငံ ဟနမ်ပြည်နယ်တွင် ကျင်းပပြုလုပ်မည့် (၁၆) ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)