Connect with us

Asia

အင်ဒိုနီးရှား ရွေးကောက်ပွဲ ဆန္ဒပြပွဲများတွင် အကြမ်းဖက် ပါဝင်သူ ၂၅၇ ဦးအား ဖမ်းဆီးထား

အင်ဒိုနီးရှား ရွေးကောက်ပွဲ ဆန္ဒပြပွဲများတွင် အကြမ်းဖက်မှုများ ပြုလုပ်နေမှုများအား တွေ့ ရစဉ် (ဆင်ဟွာ)

ဂျကာတာ ၊ မေ ၂၃ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ ရွေးကောက်ပွဲ ဆန္ဒပြပွဲများတွင် ပါဝင်သော အကြမ်းဖက်သူ ၂၅၇ ဦးအား ဂျကာတာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း နှင့် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားနေသည့် အတွက် ပို၍ အဖမ်းခံရဖွယ်ရာ ရှိကြောင်း ဂျကာတာ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ Argo Yuwono က မေ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အကြမ်းဖက်သူများကို ပြီးခဲ့သည့် နှစ်ရက် အတွင်း ဂမ်ဘီယာ ၊ ပီတန်ဘူရမ် နှင့် ဘာဝစလူ အဆောက် အအုံ တစ်ဝိုက်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

ဂျကာတာ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ Argo က ရဲတပ်ဖွဲ့ဝင်များသည် ရှုံးနိမ့်သွားခဲ့သော သမ္မတလောင်း Prabowo Subianto အား ထောက်ခံသူများ နှင့် အခြားအုပ်စုများထံမှ တိုက်ပွဲ ဖြစ်ပွားမှုများမှ ပါဝင်သော အကြမ်းဖက်သူများအား ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

အကြမ်းဖက်သူများသည် အခြေအနေများ ပရမ်းပတာ ဖြစ်ရန် လှုံဆော်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များအား ဆန့်ကျင် ရန်လိုသော အပြုအမူများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့က သံသယ ရှိတဲ့ သူတို့ရဲ့လုပ်ရပ်တွေ အတွက် ကောင်းစွာ အစီအစဉ်တွေ လုပ်ထား ပါတယ်” ဟု ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးခံခဲ့ရသော အကြမ်းဖက်သူများ ထံမှ ပိုက်ဆံ ၊ ကျောက်တုံးများ ၊ ဓာတ်ဆီ ပုလင်းဗုံးများ ၊ ဓါးများ နှင့် ဆဲလ်ဖုန်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.