Connect with us

Science & Technology

မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းများကို ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံမှုများ လုပ်ငန်းများ ဆောင်ရွက်နေ

ရန်ကုန်မြို့အတွင်း လမ်းများတွင် မော်တော်ယာဉ်များ သွားလာနေသည် ကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နိုင်ငံတကာ မှ မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းများကို ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံမှုများ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံများအတွက် စက်ပစ္စည်းများနှင့် မော်တော်ယာဉ်များ တင်ပို့ခြင်း၊ တင်သွင်းခြင်းကိစ္စ ရပ်များကို စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်သည့် ကဏ္ဍ မှပေါင်းစပ်ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်ကပြောကြားခဲ့သည်။

မြန်မာ့ မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်း၏ ယှဉ်ပြိုင်နိုင်မှု ပိုမိုမြင့်မားစေရန် နိုင်ငံနှင့် ကိုက်ညီသည့် ကားအမျိုး အစားတစ်ခု သတ်မှတ်ခြင်း၊ယင်းကားအမျိုးအစားအား ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ခြင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် နည်းပညာ လွှဲပြောင်းရရှိပြီး အဆိုပါပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်စေရန် အထောက်အပံ့ပေးခြင်း၊ယင်းမှတစ်ဆင့် ဒေသတွင်းနိုင်ငံများသို့ အစိတ်အပိုင်းများ ထုတ်လုပ်ပံ့ပိုးပေးနိုင်သည့် Parts Supplier အဆင့်သို့ ရောက်ရှိအောင် ဈေးကွက်ချဲ့ထွင်ပေးခြင်းများရရှိနိုင်မည်ဖြစ်ကြောင်းဆိုသည်။

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်က “အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာ ကားအသစ်များထုတ်လုပ်ရန်ဖြစ်တဲ့အတွက် လုပ်ငန်းအစီအမံများ (Supporting Industry ထူထောင်ရန်)၊ စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များ ချမှတ်ပေးခြင်းဖြစ်တယ်’’ ဟုပြောသည်။

National Automobile Policy ကို ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဦးဆောင်ရေးဆွဲရာတွင် စက်မှုဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းကယနေ့ ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး (ပျော်ဘွယ်)၏ မေးခွန်းအား ပြန်လည်ဖြေကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117