Connect with us

Science & Technology

မဲဇလီ(၂) ရေထိန်း တံခါး တည်ဆောက်မှု စီမံကိန်း ကျပ် ငါးဘီလီယံကျော် ကုန်ကျမည်

မဲဇလီ(၂) ရေထိန်း တံခါး တည်ဆောက်မှု စီမံကိန်း ပုံစံငယ် အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ် မဲဇလီ ရွာမ ကျေးရွာ အနီးရှိ မဲဇလီ (၂) ရေထိန်း တံခါး တည်ဆောက်မှု စီမံကိန်းသည် ကျပ် ငါးဘီလီယံကျော် ကုန်ကျမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ထံမှ သိရသည်။

အဆိုပါ စီမံကိန်း တည်ဆောက်မှုသည် ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီး ၂ဝ၁၆ ခုနှစ် မတ်လ ကုန်ပိုင်းတွင် အပြီးသတ် တည်ဆောက်မည် ဖြစ်သည်။

ရေထိန်းတံခါး တည်ဆောက် လိုက်ခြင်းကြောင့် ရေဘေး ကာကွယ်သည့် လယ်ဧက ၁ သိန်း ၂ သောင်း ရှိလာမည် ဖြစ်ပြီး အနီးအနား ကျေးရွာပေါင်း ၂ဝ ကျော် မှ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေကြသော တောင်သူ ဦးကြီးများ၏ လယ် ဧက ၄ဝ,ဝဝဝ ကျော်အား ရေပေးဝေနိုင်မည် ဖြစ်သည်။

မဲဇလီ (၂) ရေထိန်း တံခါး တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ တူးဖော် ပြီးစီးသွားသည့် ပန်းလှိုင်မြစ်အား သဲ၊ နုန်း မပို့ချ စေရန်အတွက် လည်းကောင်း၊ ညောင်တုန်းကျွန်းမှ စီးဆင်းလာမည့် မြစ်ရေများကြောင့် အနီးအနားရှိ ကျေးရွာ များ ရေ မနစ်မြုပ်စေရေး အတွက် ရေဘေး ကာကွယ်ခြင်းဖြင့်လည်းကောင်း၊ မိုးစပါးအပြင် နွေရာသီကာလ၌ ပန်းလှိုင် မြစ်အား ရေချိုများ ထိန်းသိမ်းပြီး မြစ်ကြောင်း တစ်လျှောက် ဝဲ၊ ယာရှိ ကျေးရွာများမှ ပြည်သူများ နွေစပါး စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းစေရန် အတွက် လည်းကောင်း တည်ဆောက်ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရေထိန်း တံခါးအကြီး၊ အသေး စုစုပေါင်း ၁၂၃ ခုရှိပြီး ဧရာဝတီတိုင်း ဒေသကြီး အတွင်း ရေထိန်း တံခါးအကြီး၊ အသေး စုစုပေါင်း ၁၈၉ ခုရှိကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.