Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ပါပူအာပြည်နယ်တွင် အင်အား ၆.၃ အဆင့် ငလျင်လှုပ်ခတ်

ငလျင်တိုင်းတာမှုပြ ပုံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဂျာကာတာ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ပါပူအာပြည်နယ်တွင် ဇွန် ၂၀ ရက် နံနက်ပိုင်းက အင်အား ၆.၃ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါငလျင်သည် ဇွန် ၂၀ ရက်က ဂျာကာတာ စံတော်ချိန် ၀၀ နာရီ ၂၄ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပါပူအာပြည်နယ် Abepuraမြို့ အနောက်ဘက် ၂၄၅ ကီလိုမီတာ၊ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူဗိဗေဒတိုင်းတာရေးဌာန(USGS)၏ ငလျင်ဝက်ဘ်ဆိုက်သတင်းအရ သိရသည်။

လက်ရှိတွင် ငလျင်ကြောင့် ဆူနာမီအန္တရာယ်ဖြစ်ပွားမှုမရှိကြောင်းနှင့် လူသူသေဆုံး ဒဏ်ရာရမှုစာရင်း မထွက်ရှိသေးကြောင်း သိရသည်။ အင်ဒိုနီးရှားသည် ပစိဖိတ်သမုဒ္ဒရာ ငလျင်ကြောတွင် တည်ရှိရာ နှစ်စဉ် ငလျင်ကြီးငလျင်ငယ် အကြိမ် ထောင်နှင့်ချီလှုပ်ခတ်လေ့ရှိကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလ လကုန်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ Central Sulawesiပြည်နယ် Donggalaတွင် အင်အား ၇.၄ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ ငလျင်နှင့် ငလျင်ကြောင့် ဖြစ်ပွားသော ဆူနာမီကြောင့် လူ ၂၀၀၀ကျော် သေဆုံးခဲ့ ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117