Europe
ရုရှား နိုင်ငံ သမ္မတ က အမေရိကန် နှင့် ချုပ်ဆိုထား သည့် တာလတ်ပစ် နျူကလီးယား ဒုံးကျည် လျှော့ချရေး သဘောတူညီချက် အား ရပ်ဆိုင်းရန် လက်မှတ်ရေးထိုး
မော်စကို ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ရုရှား နိုင်ငံ သမ္မတ ပူတင် က အမေရိကန် နိုင်ငံ နှင့် ချုပ်ဆိုထား သည့် တာလတ်ပစ် နျူကလီးယား ဒုံးကျည် လျှော့ချရေး သဘောတူညီချက် (Intermediate-Range Nuclear Forces Treaty) အား ရပ်ဆိုင်းရန် လက်မှတ်ရေးထိုး လိုက်ကြောင်း ရုရှား သတင်းမီဒီယာ များ၏ ဖော်ပြချက် အရ သိရှိရသည်။
ရုရှား နိုင်ငံ သမ္မတ ပူတင် က မေလ ၃၀ ရက် ၌ တာလတ်ပစ် နျူကလီးယား ဒုံးကျည် လျှော့ချရေး သဘောတူညီချက် အား ရပ်ဆိုင်းမည့် အဆိုပြုချက် အား ရုရှား နိုင်ငံ အောက်လွှတ်တော် သို့ တင်သွင်းခဲ့ပြီး ရုရှား နိုင်ငံ အထက် လွှတ်တော် က ဇွန်လ ၌ ယင်း အဆိုပြုချက် အား အတည်ပြု ပေး ခဲ့သည်။ ထို့ပြင် လွှတ်တော် က သဘောတူညီချက် အား ပြန်လည် လိုက်နာဆောင်ရွက်မှု ပြုလုပ်မည့် အဆုံးအဖြတ် အား ရုရှား နိုင်ငံ ခေါင်းဆောင် မှ ပြုလုပ်ပေးရမည် ဖြစ်ကြောင်း ဆုံးဖြတ် ခဲ့သည်။
အမေရိကန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ယခု နှစ် ဖေဖော်ဝါရီ ၁ ရက် ၌ ရုရှား နိုင်ငံ က နျူကလီးယား ဒုံးကျည် လျှော့ချရေး သဘောတူညီချက် အား လိုက်နာခြင်း မရှိဟု ဆိုကာ သဘောတူညီချက် တွင် ပါရှိသည့် သတ်မှတ်ချက်များအား လိုက်နာရန် ရပ်ဆိုင်းကြောင်း ကြေညာ ခဲ့ပြီး ရုရှား နိုင်ငံ သမ္မတ အနေဖြင့် လည်း မတ်လ ၄ ရက် ၌ သဘောတူညီမှု အား ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန် ခဲ့သည်။
တာလတ်ပစ် နျူကလီးယား ဒုံးကျည် လျှော့ချရေး သဘောတူညီချက် (Intermediate-Range Nuclear Forces Treaty) စာချုပ် အား ၁၉၈၇ ခုနှစ် ဒီဇင်ဘာ ၈ ရက် တွင် အမေရိကန် နိုင်ငံ နှင့် ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင် တို့မှ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး သဘောတူညီချက် တွင် နှစ်နိုင်ငံ အနေဖြင့် အကွာအဝေး ၅၀၀ ကီလိုမီတာ မှ ၅၅၀၀ ကီလိုမီတာ အတွင်း ပစ်ခတ် နိုင်သည့် ဒုံးကျည် များအား ဆက်လက် ထိန်းသိမ်းထားရှိခြင်း ၊ ထုတ်လုပ်ခြင်း နှင့် သုတေသန ဆောင်ရွက်ခြင်း များ မပြုလုပ်တော့ကြောင်း ပါဝင်ခဲ့သည်။(Xinhua)