Connect with us

Economy

တရုတ်နိုင်ငံ၌ ၂ဝ၁၉ ခုနှစ် နှစ်လည်ပိုင်းအထိ မော်တော်ကား အရေအတွက် ၃၄ဝ သန်းရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့ လမ်းဘေးတစ်နေရာတွင် မော်တော်ယာဉ်ဘတ္ထရီအားဖြည့် ကောင်တာတစ်ခု၌ အားသွင်းနေသော လျှပ်စစ်ကားများ အားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ယခုနှစ် ဇွန်လ ကုန်ပိုင်းအထိ မော်တော်ကား အရေအတွက် အစီးရေ သန်းပေါင်း ၃၄ဝ ရှိကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန(MPS) က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သော ၆ လတာကာလအတွင်း မှတ်ပုံတင်ခဲ့သော မော်တော်ယာဉ်အရေအတွက် ၁၂.၄၃ သန်း နှင့် အိမ်စီးကား ၁၉၈ သန်း အပါအဝင် စုစုပေါင်း မော်တော်ကား ၂၅ဝ သန်း ရှိခဲ့ရာ ယခင်နှစ်ကထက် ၁.၃၉ ရာခိုင်နှုန်းလျော့ကျသွားခဲ့ကြောင်း MPS ဝန်ကြီးဌာန မော်တော်ယာဉ်သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှုဗျူရို၏ စာရင်းဇယားများအရ သိရသည်။

ဇွန်လ ကုန်ပိုင်းအထိ စွမ်းအင်သစ်မော်တော်ကား အရေအတွက် စုစုပေါင်း ၃.၄၄ သန်းထိရှိခဲ့ရာ နိုင်ငံအတွင်းရှိ စုစုပေါင်း မော်တော်ယာဉ်အရေအတွက်၏ ၁ ရာခိုင်နှုန်းကျော်ရှိနေသည်။

တရုတ်နိုင်ငံ၌ လက်ရှိတွင် ယာဉ်မောင်းလိုင်စင်ကိုင်ထားသည့် ယာဉ်မောင်း ၄၂၂ သန်းရှိပြီး ယင်းတို့အနက် ၁၄.၀၈ သန်းမှာ ယခုနှစ် ပထမနှစ်ဝက်တွင် ယဉ်မောင်းလိုင်စင် ရရှိခဲ့ကြသူများဖြစ်ကြောင်း ဗျူရိုက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံ၌ ကားအစီးအရေအတွက် ၁ သန်းအထက် ပိုင်ဆိုင်သော မြို့ကြီး ၆၆ မြို့ရှိနေပြီး ပေကျင်း နှင့် ချန်ဒူး မြို့အပါအဝင် မြို့ပေါင်း ၁၁ မြို့မှာ ဇွန်လကုန်ပိုင်းအထိ မော်တော်ယာဉ် အစီးရေပေါင်း ၃ သန်းကျော် အသီးသီးပိုင်ဆိုင်ထားကြသော မြို့ကြီးများ ဖြစ်ကြောင်းလည်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.