Connect with us

Local

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကုန်ထုတ်လုပ်မှု ၊ မွေးမြူရေး နှင့် ရေလုပ်ငန်း ၊ ဟိုတယ်နှင့် အိမ်ရာ အဆောက်အဦ ကဏ္ဍ တို့မှ လုပ်ငန်း ၉ ခု ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား တွေ့ ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကုန်ထုတ်လုပ်မှု ကဏ္ဍ ၊ မွေးမြူရေး နှင့် ရေလုပ်ငန်း ကဏ္ဍ ၊ ဟိုတယ် ကဏ္ဍနှင့် အိမ်ရာ အဆောက်အဦကဏ္ဍတို့မှ လုပ်ငန်း စုစုပေါင်း ၉ ခု အား ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော ကော်မရှင်၏ (၁၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၁၇၂ သန်း နှင့် ငွေကျပ် ၁၁၀,၇၀၃ ဒသမ ၈၀၀ သန်း ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃,၀၂၉ နေရာကို ဖန်တီး ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လကုန် အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံ တို့မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁,၇၅၂ ခု ရင်းနှီး မြှုပ်နှံလျက် ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၀,၈၉၂ ဒသမ ၀၆၁ ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံပေါင်း ၄၉ နိုင်ငံမှ စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီး မြှုပ်နှံ ထားရှိမှုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် လည်းကောင်း ၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၃ ဒသမ ၈၂ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117