Connect with us

Local

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် GDP ၉ ရာခိုင်နှုန်းထိ တိုးတက်ရန် မျှော်လင့်ထားဟု ဝန်ကြီးချုပ်ဆို

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် GDP ၉ ရာခိုင်နှုန်းထိ တိုးတက်ရန် မျှော်လင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့တိုင်းဒေသကြီးရဲ့ ဂျီဒီပီတိုးတက်လာစေရန် ရှေးရှုပြီး ကြိုးစားဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့တိုင်းဒေသကြီးကို ရင်းနှီးမြှုပ်နှံဖို့လာတဲ့ လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေကို ဝန်ဆောင်မှုပေးဖို့ ကြိုးစားနေပါတယ်”၎င်းက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများများကို ပေးနိုင်မည့် ကဏ္ဍများကို ဦးစားပေးပြီး ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ပြောသည်။

၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း၌ စက်မှုကဏ္ဍကို ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့ပြီး အဆိုပါ ကဏ္ဍအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း သိရသည်။

၂၀၁၈-၁၉ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၁၃ခုကို လက်ခံခွင့်ပြုပေးခဲ့ပြီး တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၁ဒသမ၀၂၂ သန်း ရှိကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့သော လုပ်ငန်းများသည် မွေးမြူရေးနှင့် ရေလုပ်ငန်း ၂ခု၊ စက်မှုကဏ္ဍ ၁၀၈ခု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှာ ၁ခု၊ အိမ်ယာအဆောက်အဦးလုပ်ငန်း ၁ခု နှင့် အခြားဝန်ဆောင်မှုလုပ်ငန်း ၁ခုတို့ဖြစ်ပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စုစုပေါင်း ၁၈ခု ခွင့်ပြုပေးခဲ့ပြီး တန်ဖိုးအနေဖြင့် ကပ် ၃၁ဒသမ ၉၇၈ ဘီလီယံကို ခွင့်ပြုပေးခဲ့ကြောင်း ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117