Videos
၂ဝ၁၉ ခုနှစ် ကမ္ဘာ့ စက်ရုပ်ညီလာခံတွင် နောက်ဆုံးပေါ်စက်ရုပ်အမျိုးမျိုးပြသ
ပေကျင်း၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့၌ သြဂုတ်လ ၂ဝ မှ ၂၅ ရက်အတွင်း ကျင်းပခဲ့သည့် ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ စက်ရုပ်ညီလာခံတွင် လူသားတို့အတွက် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေနိုင်မည့် နောက်ဆုံးပေါ် စက်ရုပ်အမျိုးမျိုးနှင့် စက်ရုပ်ဆိုင်ရာ နည်းပညာများကို ထုတ်ဖော်ပြသခဲ့သည်။ ထိုပြပွဲတွင် ပြည်တွင်းပြည်ပ စက်ရုပ်များ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီများနှင့် သုတေသနပြုလုပ်သည့် လုပ်ငန်းပေါင်း ၁၈ဝ ကျော် တက်ရောက်ခဲ့ပြီး အနာဂတ်တွင် စက်ရုပ်နည်းပညာ ပိုမိုဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)