Videos
တရုတ်နိုင်ငံ က ကူညီထောက်ပံ့ပေးသည့် “ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” စတင်
ကျောက်ဖြူ ၊ စက်တင်ဘာ ၁ဝ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ က ကူညီထောက်ပံ့ပေးသည့် “ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” ဖွင့်ပွဲ အခမ်းအနား ကို စက်တင်ဘာ ၉ ရက် တွင် ကျောက်ဖြူမြို့ ၌ ကျင်းပ ပြုလုပ်ခဲ့ရာ သင်တန်းသား/သူ ၉၀ ခန့် တက်ရောက်သင်ကြားခဲ့သည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု က အခမ်းအနား ၌ အဖွင့် အမှာစကား ပြောကြားရာတွင် ကျောင်းသား/သူ များ အနေဖြင့် သင်တန်း မှ ရရှိသည့် ပညာရပ်များ အား လုပ်ငန်းခွင် တွင် အကျိုးရှိရှိ အသုံးချသွားပြီး ဒေသဖွံ့ဖြိုးတိုးတက်မှု အတွက် သာမက နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက် ပါ အကျိုး ဖြစ်ထွန်းစေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ် ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
မြန်မာ နိုင်ငံ အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်သည့် သင်တန်း က အလုပ်အကိုင် အတွက် တိုက်ရိုက် အကျိုးရှိစေမည် ဖြစ်သောကြောင့် အလွန် ကောင်းမွန်သည့် သင်တန်း တစ်ခု ဖြစ်ကြောင်း ၊ ယခု ဖွင့်လှစ်သည့် သင်တန်း မှ တစ်ဆင့် သင်တန်းသားသင်တန်းသူများအနေဖြင့် မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်း ဆောင်ရွက်ပေး စေလိုကြောင်း ပြောကြား ခဲ့သည်။
CITIC (Myanmar) အလုပ်အမှုဆောင် အထွေထွေ မန်နေဂျာ မစ္စတာ ယွမ်ဆောင်ပင်း (Mr. Yuan Shaobin) က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် CITIC Consortium အနေဖြင့် အနာဂတ် တွင်လည်း ကျောက်ဖြူ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီထောက်ပံ့မှုများ ပိုမို ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် တွင် အခမ်းအနား တက်ရောက် ခဲ့ကြသည့် ဧည့်သည်တော် များက စီမံကိန်း အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ပြီး သင်တန်းကျောင်း အား သွားရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။
“ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” က တရုတ် နိုင်ငံ ယူနန် ပြည်နယ် အစိုးရ နှင့် CITIC Consortium တို့ ပူးပေါင်း ကူညီဆောင်ရွက်ပေး ခဲ့သည့် စီမံကိန်း တစ်ခု ဖြစ်ကြောင်း ၊ စီမံကိန်း တွင် အခြေခံလျှပ်စစ် ကျွမ်းကျင်မှု သင်တန်း နှင့် အခြေခံ အင်္ဂလိပ် ဘာသာ သင်တန်း တို့အား ပို့ချပေးမည် ဖြစ်ကြောင်း ၊ သင်တန်းသား ရွေးချယ်ရာ တွင် ကျောက်ဖြူ ဒေသ ရှိ လိုအပ်ချက်ရှိသော ၊ စာသင်ကြားရန် အခက်အခဲရှိသော လူငယ်များ အား ဦးစားပေး ရွေးချယ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)