Connect with us

North America

အမေရိကန် နိုင်ငံ က အီရန် နိုင်ငံ ဗဟိုဘဏ် နှင့် အခြား အဖွဲ့အစည်း များအား ထပ်မံ တိုးချဲ့ ပိတ်ဆို့အရေးယူမှု ဆောင်ရွက်

အမေရိကန် နိုင်ငံ သမ္မတ အား စက်တင်ဘာ ၂၀ ရက် ၌ အိမ်ဖြူတော် တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အစိုးရ က စက်တင်ဘာ ၂၀ ရက် ၌ အီရန် နိုင်ငံ ဗဟိုဘဏ် အပါအဝင် အဖွဲ့အစည်း ၃ ခု အား အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး အကြောင်းပြချက် အနေဖြင့် ဆော်ဒီအာရေဗျ နိုင်ငံ ၏ ရေနံ စက်ယန္တရား များ တိုက်ခိုက်ခံရမှုကြောင့် တုန့်ပြန်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အိမ်ဖြူတော် ၌ သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ် အား တွေ့ဆုံစဉ် အထက်ပါ အရေးယူ ပိတ်ဆို့မှု အား ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်ပြီး တွေ့ဆုံမှု တွင် အတူလိုက်ပါခဲ့သည့် အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး က အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ ၏ ငွေကြေး အရင်းအမြစ် အားလုံး ကို ဖြတ်တောက် ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် တွေ့ဆုံမှု အပြီး ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် အမေရိကန် နိုင်ငံ အနေဖြင့် အင်အားကြီးမား သော စစ်တပ် ဖြင့် အီရန် နိုင်ငံ အပေါ် စစ်ရေး တိုက်ခိုက်မှု အား လွယ်ကူစွာ ဆောင်ရွက်နိုင်သော်လည်း အီရန်အရေး တွင် လက်ရှိချိန် ၌ အဆုံးစွန် သည်းသီးခံမှု ကို ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

တစ်ချိန်တည်းတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ယခု အကြိမ် အရေးယူ ပိတ်ဆို့မှု က အမေရိကန် နိုင်ငံ ၏ အီရန် မှ ဆော်ဒီအာရေဗျ နိုင်ငံ အား တိုက်ခိုက်ခြင်း ၏ တုန့်ပြန်ဆောင်ရွက်မှု ဖြစ်ပြီး အမေရိကန် နိုင်ငံ ၏ အီရန် နိုင်ငံ အပေါ် အဆုံးစွန် ဖိအားပေးမှု က ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

စက်တင်ဘာ ၁၄ ရက် ၌ ဆော်ဒီအာရေဗျ အမျိုးသား ရေနံ ကုမ္ပဏီ ၏ ရေနံ စက်ယန္တရား နှစ်ခု က မောင်းသူမဲ့ လေယာဉ် ၏ တိုက်ခိုက်မှု ခံခဲ့ရပြီး မီးလောင်မှု ဖြစ်ပွား ခဲ့သည်။ ယီမင်ဟူသီ လက်နက်ကိုင်များ က အဆိုပါ တိုက်ခိုက်မှုအား ဆောင်ရွက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သော်လည်း အမေရိကန် နိုင်ငံ က ယင်းတိုက်ခိုက်မှု တွင် နောက်ကွယ် ကြိုးကိုင်သူ က အီရန် နိုင်ငံ ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ အမေရိကန် နိုင်ငံ ပြောဆိုမှု နှင့် ပတ်သက်၍ အီရန် နိုင်ငံ က အကြိမ်ကြိမ် ငြင်းဆို ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.