Connect with us

North America

အင်ဒိုနီးရှားနိုင်ငံက Lion Air လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ ဘိုးရင်း 737 Max ၏ ထုတ်လုပ်မှုပုံစံ(ဒီဇိုင်း)အပေါ် ပြစ်တင်ပြောကြား

Boeing 737 Max အမျိုးအစား ဂျက်လေယာဉ် တစ်စင်းအားတွေ ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် အောက်တိုဘာတွင် ဖြစ်ပွားခဲ့သော ဘိုးရင်း ၇၃၇ မက် (Boeing 737 Max) ဂျက်လေယာဉ်ပျက်ကျမှုသည် အဆိုပါလေယာဉ်၏ ထုတ်လုပ်မှုပုံစံ(ဒီဇိုင်း) အားနည်းချက်ကြောင့်ဖြစ်သည်ကို  ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံစုံစမ်းစစ်ဆေးသူများက ပြစ်တင်ပြောကြားလိုက်သည်ဟု Wall Street ဂျာနယ်၏ စက်တင်ဘာ ၂၂ ရက် သတင်းဖော်ပြမှုတစ်ခုအရ သိရသည်။

အဆိုပါ Lion Air လေယာဉ်ပျက်ကျမှုဖြစ်ပွားရခြင်းအကြောင်းအရာများထဲတွင် လေယာဉ်မှူးအမှားများ နှင့် ပြုပြင်ထိန်းသိမ်းရေးအမှားများ ပါဝင်ကြောင်းလည်း စုံစမ်းစစ်ဆေးမှုတွင် ဖော်ပြထားသည်ဟု သတင်းက ဆိုသည်။ စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ အပြီးသတ်နောက်ဆုံး အစီရင်ခံစာကို လာမည့် နိုဝင်ဘာလတွင် ထုတ်ပြန်သွားရန် မျှော်လင့်ကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

Lion Air လေကြောင်းလိုင်းပိုင် Boeing 737 Max 8 လေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ၌ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလတွင် ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၈၉ ဦးစလုံး အသက်ဆုံးရှုံးခဲ့ရသည်။

ပြီးခဲ့သော မတ်လကလည်း အီသီယိုးပီးယားလေကြောင်းလိုင်းပိုင် Boeing 737 Max 8 လေယာဉ်သည် အက်ဒစ်အက်ဘာဘာမြို့မှ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ဦးတည်ပျံသန်းစဉ် ပျက်ကျမှုဖြစ်ပွားရာ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၅၇ ဦးစလုံးသေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ အီသီယိုးပီးယားလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ ကနဦးစုံစမ်းစစ်ဆေးချက်များအရ လေယာဉ်မှူးများသည် လိုအပ်သော ပျံသန်းရေးအစီအစဉ်အတိုင်းလုပ်ဆောင်ခဲ့သော်လည်း လေယာဉ်ကိုထိန်းချုပ်နိုင်စွမ်းမရှိခဲ့သည်ကိုဖော်ထုတ်တွေ့ရှိခဲ့ရသည်ဟု အီသီယိုးပီးယားအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)