Politics, Law & Military
ရှမ်းပြည်နယ် သိန္နီမြို့နယ်၌ Ethyl Acetate Auto Col အရည် ၁၀,၂၀၀ လီတာနှင့် Sodium Zirconate အရည် ၁,၃၅၀ လီတာ ဖမ်းဆီးရမိ
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် သိန္နီမြို့နယ်၌ Ethyl Acetate Auto Col အရည် ၁၀,၂၀၀ လီတာနှင့် Sodium Zirconate အရည် ၁,၃၅၀ လီတာ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်၂၁း၀၀ နာရီ အချိန် သိန္နီမြို့မရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်၌ မူဆယ်ဘက်မှ လားရှိုး ဘက်သို့ ကျော်စံဝင်း(၂၅)နှစ် မောင်းနှင်ပြီး ခင်မောင်လတ်(၄၂)နှစ် လိုက်ပါလာသည့် MDY 6G/×××× Nissan ၁၂ ဘီးယာဉ်အား စစ်ဆေးရာ ဓာတုဆေးရည် Ethyl Acetate Auto Col အရည် သံပေပါ ၆၈ လုံးရှိ ၁၀၂၀၀ လီတာ(၁ ပေပါလျှင် ၁၅၀ လီတာခန့်စီပါ)နှင့် Sodium Zirconate အရည် ကော်ပေပါ ၉ လုံးရှိ ၁၃၅၀ လီတာ(၁ ပေပါလျှင် ၁၅၀ လီတာခန့်)တို့အား ဖမ်းဆီး ရမိခဲ့သဖြင့်ကျော်စံဝင်းပါ ၂ ဦး(ဖမ်းမိ)အား သိန္နီမြို့မရဲစခန်း(ပ)၁၁၃/၂၀၁၉၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၃၇/၃၈ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)