Connect with us

Politics, Law & Military

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့ ၌ တရားမဝင် ကျွန်းသစ်ခွဲသား ၁,၂၁၇ ချောင်း ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော တရားမဝင်သစ်များအား တွေ့ရစဉ်(ဓာတ်ပုံ- Forest Department)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့ ၌  တရားမဝင် ကျွန်းသစ်ခွဲသား (၁,၂၁၇) ချောင်း  ၁၇ ဒသမ ၇,၁၂၈ တန်ကို  ဒီဇင်ဘာ ၂ ရက် နေ့က ဖမ်းဆီးရမိကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။ 

ဖြစ်စဉ်မှာ မော်တော်ယာဉ် တစ်စီးဘီးပျက်၍ လမ်းမပေါ်၌ ရပ်တန့်နေကြောင်း သတင်းအရ မန်စီမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မိုးဦး ဦးဆောင်သော ဝန်ထမ်းများ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေနှင့် ဝန်ထမ်းများ၊ မန်စီမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးမင်းသန်းနှင့်တပ်ဖွဲ့ဝင်များနှင့် ကောင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနော်ဂရောင်တို့က သွားရောက် စစ်ဆေးရာ ယာဉ်အမှတ် ၄က/——နံပတ်တပ်ဆင်ထားသည့် DONG FENG အမျိုးအစား(၆)ဘီးအပြာရောင်ယာဉ်ပေါ်၌ တရားမဝင် ကျွန်းသစ်ခွဲသားဆိုဒ်စုံ(၁၂၁၇)ချောင်း ၁၇ ဒသမ ၇၁၂၈ တန်တို့ကို ပိုင်ရှင်မဲ့တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိ တရားမဝင်သစ်များ၊ ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်သောတရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)  

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117