Connect with us

Politics, Law & Military

ဖွဲ့စည်းပုံ အခြေခံ ဉပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ အပေါ် ပြည်ထောင်စု လွှတ်တော် နာယက အသိပေး ပြောကြား

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံ ဉပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ အပေါ် ဆွေးနွေးမှုအချို့နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က နာယက၏ တာဝန်ရှိမှု အပိုင်းမှ လွတ်တော်သို့ အသိပေး ပြောကြားခြင်း တစ်ရပ်အား ဒီဇင်ဘာ ၃ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ပထမ တစ်ချက်ကတော့ လက်ရှိ ဒုတိယ သက်တမ်း အတွင်း ဆောင်ရွက်နိုင်ပါမလား ဆိုတဲ့ ဆွေးနွေးချက် ဖြစ်ပါတယ်။ ဒီကိစ္စကို အရင်ဆုံး စတင်ကတည်းက ဒီသက်တမ်း အတွင်း ဆောင်ရွက်နိုင်မယ့် လုပ်ငန်း တာဝန် တစ်ခု အနေနဲ့ စဉ်းစား လက်ခံပြီး လွှတ်တော်သို့ တင်ပြ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။”ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။

ပထမ သက်တမ်းတွင် ဆောင်ရွက်ခဲ့မှု အရ မည်သည့် ဉပဒေကြမ်း တစ်ခုကိုမျှ နောက်သက်တမ်းကို ဆက်ပြီး လွှဲယူသွားသည့် အစဉ်အလာ မရှိသည့် အတွက် ယခုလို ဖွဲ့စည်းပုံ အခြေခံ ဉပဒေ ပြင်ဆင်ရေး လုပ်ငန်းကိုလည်း လက်ရှိ သက်တမ်း၌သာ ပြီးစီးအောင် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အတူ သက်ဆိုင်ရာ ပူးပေါင်း ကော်မတီကို ဖွဲ့စည်း တာဝန်ပေးအပ်စဉ်ကတည်းက ယင်းအခြေအနေများ ပါရှိပြီး ဖြစ်ကြောင်း ၊ ကော်မတီ အတွင်း ဆောင်ရွက်မှု အခြေအနေကို ချပြရန် ဆိုသည်မှာ သက်ဆိုင်ရာ ဉပဒေ ၊ နည်းဉပဒေ နှင့် အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ၊ နာယက အနေဖြင့်လည်း ဆက်လက်ပြီး ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.