Connect with us

Environment, Disasters & Accidents

မင်္ဂလာဈေးမီးညွှန့်ကျိုးသော်လည်း အတွင်းပိုင်းရှိ မီးတောက်များကို ဆက်လက်ငြိမ်းသတ်

မင်္ဂလာဈေး မီးလောင်မှုကို ငြိမ်းသတ်နေသော မီးသတ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ-NTG)

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေး၌ လောင်ကျွမ်းနေသော မီးသည် ၅ နာရီ ၂၅ မိနစ်တွင် မီးညွှန့်ကျိုးသော်လည်း ဈေးအတွင်းရှိ မီးတောက်များကို ဆက်လက်ငြိမ်းသတ်နေရကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

လက်ရှိ နံနက် ၆နာရီခွဲတွင် မီးညွှန့်ကို ထိန်းနိုင်သော်လည်း ဈေးအတွင်းပိုင်းရှိ မီးတောက်များကို ဆက်လက်ငြိမ်းသတ်နေရပြီး ဈေးတစ်ခုလုံး မီးငြိမ်းသတ်ခြင်းမရှိသေးကြောင်း သိရသည်။

မီးငြိမ်းသတ်သော မီးသတ်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိသည်။

မင်္ဂလာဈေး လေလွှာတွင် မနက် ၁နာရီကျော်က စတင်ပြီး လောင်ကျွမ်းသော မီးသည် မီးအားပြင်းထန်သည်။

အဆိုပါ ဈေးမီးလောင်ကျွမ်းမှုသည် Leve 5 အဆင့် ရှိပြီး မီးစတင်လောင်မှုအကြောင်းမသိရသေးဟု မီးသတ်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မီးလောင်ကျွမ်းသောအထပ်သည် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် ဆေးဝါးများရောင်းချသော အထပ်ဖြစ်ပြီး လေးလွှာ နှင့် သုံးလွှာ နှစ်ထပ် မီးလောင်ကာ ဆုံးရှုံးသွားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117