Connect with us

Europe

ရုရှား မဟာဗျူဟာမြောက် ဒုံးကျည် တပ်ဖွဲ့များတွင် ခေတ်မီ လက်နက်များ တပ်ဆင်ထားမှု ၇၆ ရာခိုင်နှုန်းရှိ

ရုရှားနိုင်ငံထုတ် RS-24 Yars intercontinental ပဲ့ထိန်း ဒုံးကျည် စနစ်များအား မေလအတွင်းက Victory Day စစ်ရေးပြပွဲ အတွက် ရင်ပြင်နီ၌ တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ရုရှား မဟာဗျူဟာမြောက် ဒုံးကျည် တပ်ဖွဲ့၏ ၆၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအား ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့ရာ ယင်းတပ်ဖွဲ့များတွင် ခေတ်မီ လက်နက်များ တပ်ဆင်ထားမှုမှာ ၇၆ ရာခိုင်နှုန်း ရှိခဲ့ပြီ ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့များ၏ လက်နက် ပြန်လည် တပ်ဆင်ခြင်း အတွက် ၂၀၁၉ ခုနှစ်တွင် စီစဉ် ထားသော အစီအမံများ အကောင်အထည်ဖော်မှုတွင် ခေတ်မီ ဒုံးကျည်လက်နက်များ တပ်ဆင်ထားမှုက ၇၆ ရာခိုင်နှုန်း အထိ တိုးတက် လာခဲ့ပြီး နျူကလီးယား ဟန့်တားရေး လုပ်ငန်း တာဝန်များအား ဖြေရှင်းရန် အတွက် အခွင့်အလမ်းသစ်များကို ဖွင့်လှစ်ပေးရန် ခွင့်ပြုခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်လတွင် ရုရှား နိုင်ငံ သမ္မတ ပူတင်က နိုင်ငံ၏ လက်နက်ကိုင် တပ်များအား ခေတ်မီလက်နက် နှင့် အသုံးအဆောင်များ တပ်ဆင်မှုအား လက်ရှိတွင် ၆၈ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိ မြှင့်တင်ရန် နှင့် ယင်းအဆင့်တွင် ထိန်းသိမ်းထားရန် ပြောကြားခဲ့သည်။ရုရှား စစ်တပ်၏ လက်အောက်ရှိ မဟာဗျူဟာမြောက် ဒုံးကျည် တပ်များမှာ နိုင်ငံ၏ မြေပြင် အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည်များကို  ထိန်းချုပ်ထားပြီး နိုင်ငံ၏ မဟာ ဗျူဟာမြောက် နျူကလီးယား လက်နက်များ၏ သုံးပုံ-နှစ်ပုံကျော် ရှိကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117