Connect with us

Asia

ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပရေးအစီအစဉ် ကိုလံဘို ဆိပ်ကမ်းမြို့မှ စတင် 

သီရိလင်္ကာနိုင်ငံ MOUNT LAVINIAကမ်းခြေတွင် ဇန်နဝါရီ ၄ ရက်က စတင်ပြုလုပ်သည့် “ကိုလံဘို ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပရေး အစီအစဉ်” လှုပ်ရှားမှုမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

ကမ်းခြေသန့်ရှင်းရန် ရည်ရွယ်၍ ကိုလံဘိုဆိပ်ကမ်းမြို့မှ စတင်ပြုလုပ်သည့်  “ကိုလံဘို ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပရေး အစီအစဉ်” ကို ဇန်နဝါရီ ၄ ရက်က ကိုလံဘိုမြို့အနီးရှိ  MOUNT LAVINIAကမ်းခြေတွင် စတင်ပြုလုပ်ရာ သီရိလင်္ကာနိုင်ငံ၏သက်ဆိုင်ရာ အစိုးရဌာနများ၊ ရဲတပ်ဖွဲ့နှင့်ကမ်းခြေစောင့်တပ်ဖွဲ့များ၊ ဆိပ်ကမ်းမြို့ နှင့် ဒေသခံ စေတနာ့ဝန်ထမ်း ၃၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ဖွင့်ပွဲအခမ်းအနားတွင် ကိုလံဘို ဆိပ်ကမ်းမြို့ စီမံကိန်းဌာန အထွေထွေမန်နေဂျာ  ကျန်းဟုတ်လျန်က “ကိုလံဘိုဟာ  သဘာ၀တရားကပေးတဲ့ လှပသာယာတဲ့ ကမ်းခြေကို ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့လည်း ကမ်းခြေမှာရှိတဲ့ စွန့်ပစ်အမှိုက်ပစ္စည်းတွေက အမြင်မလှစေသလို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေနဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ဒါကို ကုမ္ပဏီလုပ်ငန်းရဲ့ တာဝန်တစ်ရပ်အနေနဲ့ မြို့ရေရှည်ဖွံ့ဖြိုတိုးတက်ရေးကို တွန်းအားပေးဖို့ ကျွန်တော်တို့က တစ်နှစ်ကြာပြုလုပ်မဲ့ ‘ကိုလံဘို ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပရေးအစီအစဉ်’ကိုစတင်လိုက်ခြင်း ဖြစ်ပါတယ်။” ဟု ဆိုသည်။

သီရိလင်္ကာနိုင်ငံ MOUNT LAVINIAကမ်းခြေတွင် ဇန်နဝါရီ ၄ ရက်က စတင်ပြုလုပ်သည့် “ကိုလံဘို ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပရေး အစီအစဉ်” လှုပ်ရှားမှုမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ) 

သီရိလင်္ကာနိုင်ငံ သဘာ၀ပတ်ဝန်းကျင်ဝန်ကြီးဌာန ဝန်ကြီး Samaraweeraက နိုင်ငံ၏သန့်ရှင်းရေးနှင့်လုံခြုံရေးမှာ သမ္မတ Gotabaya Rajapaksa၏ အဓိက မူဝါဒဖြစ်သည်ဟု ဆိုသည်။ “သီရိလင်္ကာ သန့်ရှင်းသာယာလှပဖို့ဟာ တစ်ရက်တာလှုပ်ရှားမှုမျိုးမဟုတ် ၊ ရေရှည်အလုပ်ဖြစ်တာကြောင့် ပြည်သူအားလုံးနှင့်အစိုးရဌာနများက ပူးပေါင်းဆောင်ရွက်သွားဖို့လိုအပ်ပါတယ်”ဟု ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ 

သီရိလင်္ကာနိုင်ငံ MOUNT LAVINIAကမ်းခြေတွင် ဇန်နဝါရီ ၄ ရက်က စတင်ပြုလုပ်သည့် “ကိုလံဘို ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပရေး အစီအစဉ်” လှုပ်ရှားမှုမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ) 

ကိုလံဘို ဆိပ်ကမ်းမြို့ စီမံကိန်းဌာန တာဝန်ခံတစ်ဦးက “ကိုလံဘို ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပရေး အစီအစဉ်”လုပ်ဆောင်သည့်ကာလတွင် Wellawatte၊ Dehiwala နှင့် Mount Laviniaပါဝင်သည့်  ၅ ကီလိုမီတာ ရှည်လျားသော ကမ်းခြေတွင် နေ့စဉ် အစီအစဉ်များဖြင့် သန့်ရှင်းရေး ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆင်ဟွာ သတင်းထောက်အား ပြောသည်။

သီရိလင်္ကာနိုင်ငံ MOUNT LAVINIAကမ်းခြေတွင် ဇန်နဝါရီ ၄ ရက်က စတင်ပြုလုပ်သည့် “ကိုလံဘို ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပရေး အစီအစဉ်” လှုပ်ရှားမှုမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ) 

သီရိလင်္ကာနိုင်ငံ MOUNT LAVINIAကမ်းခြေတွင် ဇန်နဝါရီ ၄ ရက်က စတင်ပြုလုပ်သည့် “ကိုလံဘို ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပရေး အစီအစဉ်” လှုပ်ရှားမှုမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ) 

သီရိလင်္ကာနိုင်ငံ MOUNT LAVINIAကမ်းခြေတွင် ဇန်နဝါရီ ၄ ရက်က စတင်ပြုလုပ်သည့် “ကိုလံဘို ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပရေး အစီအစဉ်” လှုပ်ရှားမှုမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ) 

သီရိလင်္ကာနိုင်ငံ MOUNT LAVINIAကမ်းခြေတွင် ဇန်နဝါရီ ၄ ရက်က စတင်ပြုလုပ်သည့် “ကိုလံဘို ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပရေး အစီအစဉ်” လှုပ်ရှားမှုမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ) 

Mount Laviniaကမ်းခြေအဝင်ဝတွင် အသစ်ထပ်တိုးထားသည့် ရောင်စုံ အမှိုက်ပုံများကိုတွေ့ရပြီး ခရီးသွားများကလည်း အမှိုက်ပစ္စည်းများကို အသိစိတ်ရှိရှိ  သတ်မှတ်သည့်အမှိုက်ပုံးတွင် စွန့်ပစ်ကြသည်ကို တွေ့ရသည်။ “အရင်တုန်းကဆို ဒီမှာ အမှိုက်ပုံးအရမ်းနည်းတယ်လေ။ ခရီးသွားတွေကလည်း အလွယ်တကူ အမှိုက်လွင့်ပစ်ကြလို  အနီးအနားမှာရှိတဲ့ ပင်လယ်ကမ်းခြေက အရမ်းညစ်ပတ်တယ်။ ကမ်းခြေသာယာသန့်ရှင်းလှပနေဖို့ ဒီအစီအစဉ်လေး ဆက်လုပ်သွားစေလိုပါတယ်။” ထိုဒေသတွင် နှစ်ပေါင်း ၃၀ ကြာနေထိုင်ခဲ့သည့် De Silvaက ဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117