Videos
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် မောင်းသူမဲ့ ထရပ်ကားများကိုအသုံးပြုကာ ပိုးသတ်ဆေးဖြန်း
ကျန်းရှီး၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ ပိုရန်ခရိုင်ရှိ လူနေရပ်ကွက်များတွင် မောင်းသူမဲ့ ထရပ်ကားများအားစတင်အသုံးပြုကာ ပိုးသတ်ဆေးဖြန်းခဲ့ကြောင်းသိရသည်။ အဆိုပါ ထရပ်ကားမှာ လျှပ်စစ်စွမ်းအင်ဖြင့်မောင်းနှင်နိုင်ပြီး အားတစ်ကြိမ်အပြည့် သွင်းပြီးပါက ၈ နာရီအထိ ဆက်တိုက်အသုံးပြုနိုင်သည်။ ထရပ်ကားများကို COVID-19 ကူးစက်ခံရသည့် လူနေရပ်ကွက်များတွင် အဓိကထားကာ ပိုးသတ်ဆေးဖြန်းရန် အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)