Connect with us

Videos

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အဏ္ဏဝါသိပ္ပံဆိုင်ရာသုတေသနဆောင်ရွက်ရန် တရုတ်ရေယာဉ်ရောက်ရှိ  (ရုပ်သံ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) 

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသန ဆောင်ရွက်ရန် တရုတ် သိပ္ပံ သုတေသနရေယာဉ် ရှန်ရန်ဟုန် – ၆(XIANG YANG HONG 06) သည် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ရာ ကြိုဆိုသည့် အခမ်းအနားအား ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်မင်းအောင် နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ နိုင်ငံရေး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng)တို့က အမှာစကားများအသီးသီးပြောကြားခဲ့ကြသည်။

တရုတ်သုတေသနရေယာဉ် ရှန်ရန်ဟုန် – ၆ (XIANG YANG HONG 06) သည် ဘက်စုံသုံး သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာရေး ရေယာဉ် တစ်စီး ဖြစ်ကြောင်း ၊ ယင်းရေယာဉ်သည် နိုဝင်ဘာလနှောင်းပိုင်း လွန်ခဲ့သော ရက်ပေါင်း ၇၀ ကျော်ကတည်းက ဘင်္ဂလား ပင်လယ်အော် နှင့် အိန္ဒိယ သမုဒ္ဒရာ အရှေ့အီကွေတာ ရပ်ဝန်းတွင် အဏ္ဏဝါ ဗေဒ နှင့် ဂေဟဗေဒ လေ့လာရေး(JAMES)ကို ပူးတွဲ ဆောင်ရွက်နေသည့် ခေတ်မီ ရေယာဉ် တစ်စီး ဖြစ်ကြောင်း သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.