Connect with us

Social, Education & Health

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူပေါင်း ၃၂,၄၉၅ ဦးရှိလာ 

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူများ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၃၂,၄၉၅ ဦးထိရှိသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆေးရုံဆင်းခွင့်ရသူ ၂,၇၅၀ ဦးရှိခဲ့ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ နေ့စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။တရုတ်နိုင်ငံပြည်မကြီးပေါ်ရှိ ပြည်နယ်အဆင့်ဒေသပေါင်း ၃၁ ခုတွင် ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်း အချိန်အထိ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အတည်ပြုလူနာ စုစုပေါင်း ၇၈,၄၉၇ ဦး ရှိကြောင်း နှင့် ရောဂါကြောင့် သေဆုံးသူ ၂,၇၄၄ ဦး ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117