Connect with us

Social, Education & Health

ပေကျင်းမြို့တွင် COVID-19 ရောဂါ အသစ်ထပ်တိုး အတည်ပြုလူနာ မရှိ၊ လူ ၂၀ ဦး ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ရရှိ 

တရုတ်နိုင်ငံ၌ COVID-19 ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၂၅ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီအချိန်အတွင်း COVID-19 ရောဂါ အသစ်ထပ်တိုးအတည်ပြုလူနာ မရှိခဲ့ကြောင်း သိရသည်။ ထိုနေ့တွင် ရောဂါ သက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသည့် လူနာ ၂၀ ဦးရှိရာ အသက်အငယ်ဆုံး မှာ ၃ နှစ် ဖြစ်ပြီး အကြီးဆုံးမှာ ၈၅ နှစ်ဖြစ်ကြောင်း သိရသည်။ 

ဖေဖော်ဝါရီ ၂၄ ရက် ၂၄:၀၀ နာရီအထိဆိုရလျှင် ပေကျင်းမြို့ရှိ အတည်ပြုလူနာ စုစုပေါင်းသည် ၄၀၀ ဦး ရှိပြီး  ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၂၃၅ ဦး ၊  သေဆုံးသူ ၄ ဦး ၊ ရောဂါ ပြင်းထန်သူ ၁၂ ဦး ရှိကြောင်း သိရသည်။အတည်ပြုလူနာ ၄၀၀ ဦး တွင် အမျိုးသားလူနာ ၁၈၉ ဦးဖြင့် ၄၇ ဒသမ ၂ ရာခိုင်နှုန်း၊ အမျိုးသမီး လူနာ ၂၁၁ ဦးဖြင့်  ၅၂ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း ၊ အသက်အရွယ်အားဖြင့် ၆ လမှ ၉၄ နှစ် အတွင်းဖြစ်ရာ ၎င်းတို့အနက် အသက် ၅ နှစ်အောက်အရွယ် ကလေးငယ် ၁၄ ဦး ၊ အသက် ၆ နှစ်မှ ၁၇ နှစ် အတွင်း ရှိ လူနာ ၁၃ ဦး၊ ၁၈ နှစ် မှ ၅၉ နှစ် အတွင်းရှိ လူနာ ၂၆၃ ဦး၊ အသက် ၆၀ နှစ်အထက်ရှိ လူနာ ၁၁၀ ဦး ရှိကြောင်း သိရသည်။(Xinhua)