Connect with us

CHINA

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ အစည်းအဝေး ကျင်းပ၊  လက်ရှိ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လူမှုစီးပွားတည်ငြိမ်စွာ ဆောင်ရွက်ရေးဆိုင်ရာ အဓိကလုပ်ငန်းများအတွက် အလေးထားဆွေးနွေး 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီသည်  မတ် ၄ ရက်တွင် အစည်းအဝေးကျင်းပ၍  လက်ရှိ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လူမှုစီးပွား တည်ငြိမ်စွာ ဆောင်ရွက်ရေးဆိုင်ရာ အဓိကလုပ်ငန်းများအား အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

အဆိုပါအစည်အဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် သမ္မတ ရှီကျင့်ဖိန်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အရေးကြီး အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ သမ္မတရှီက တစ်နိုင်ငံလုံး ခက်ခဲပင်ပန်းစွာ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် လက်ရှိ ရောဂါ ထိန်းချုပ်ရေး သည် အပေါင်းလက္ခဏာသို့ ပဏာမ ဦးတည်လျက်ရှိရာ လူမှုထုတ်ကုန်လုပ်ငန်းများ သည် မြန်ဆန်စွာ ပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်း ၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဘက်ပေါင်းစုံ စီမံခန့်ခွဲရေး အစည်းအဝေးစိတ်ဓါတ်ဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် သင့်တင့်လျော်ကန်မည့် လူမှုစီးပွားလုပ်ငန်းဆောင်တာများကို လျှင်မြန်စွာ တည်ဆောက်ရမည်ဖြစ်ပြီး ရခဲလှသည့် ယခုအခြေအနေကို ခိုင်မာ တိုးတက် တွင်ကျယ်လာစေရန် ဆောင်ရွက်ကာ အတော်အသင့်ပြည့်စုံသည့် လူမှုအသိုက်အဝန်း ဘက်စုံတည်ဆောက်ရန်နှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး ရည်မှန်းချက်ကို အောင်နိုင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အခြေအနေ၏ ရှုပ်ထွေးမှု ကို ရှင်းလင်းစွာ သိရှိရမည် ဖြစ်ရာ ကဏ္ဍအသီးသီးလုပ်ငန်းဆောင်တာများ၏ အရေးကြီးမှုနှင့် တာဝန်သိစိတ်ကို တိုးမြှင့်ထားရမည်ဖြစ်ကြောင်း ၊ ဟူပေနှင့်ဝူဟန့်မြို့၏ရောဂါ ကာကွယ်ရေး တာဝန်သည် ကြီးမားခက်ခဲနေဆဲဖြစ်ကြောင်း၊ အခြားဒေသလူအများ၏ သွားလာမှုနှင့် စုစည်း စုံညီမှုများသည် ရောဂါပြန့်ပွားမည့် အန္တရာယ်ကို များပြားစေနိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရမည့် သတိကို မပေါ့မလျော့ အစဉ်မပြတ် ထားရှိကာ လက်တွေ့ကျကျ အသေးစိတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း  သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် နိုင်ငံကြီးတစ်နိုင်ငံအနေဖြင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍအသီးသီး၏လုပ်ငန်းဆောင်တာများကို လျှင်မြန်စွာ တွန်းအားပေး ဆောင်ရွက်သွားရမည်ဖြစ်ရာ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခြင်း၊လုပ်ငန်းများ ပြန်လည်လည်ပတ်ခြင်းကို တိတိကျကျ  စနစ်တကျ  တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ သွားလာဆက်သွယ်မှုနှင့် ကုန်ပစ္စည်း စီးဆင်းမှုများ ၊ ကုန်ပစ္စည်း ပံ့ပိုးထုတ်လုပ်ရောင်းချများကို  စနစ်တကျ ချိတ်ဆက်မှုရှိစေရန်၊ ပြည်တွင်းပြည်ပ ကုန်သွယ်ရေးကို ထိရောက်သည့် ချိတ်ဆက်မှုများ ရှိစေရန် ဆောင်ရွက်ကာ ရောဂါ ကပ်ဘေးကြောင့် ဖြစ်ပွားသည့် ဆုံးရှုံးနစ်နာမှုများကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။ ပါတီကော်မတီနှင့် အစိုးရ အလွှာအသီးသီးက ဗဟို၏ ဆုံးဖြတ်စီမံမှုများကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ကာ ရောဂါ ကာကွယ်တိုက်ဖျက်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအသီးသီးကို ကောင်းမွန်စွာ ဘက်စုံတွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ အမှန်တရားကိုလက်ကိုင်ထားပြီး လက်တွေ့ကျကျ ဆောင်ရွက်ရမည်ဖြစ်ရာ ဗျူရိုကရေစီဝါဒနှင့် အပေါ်ယံပုံစံကျရေးဝါဒကို ကာကွယ်တားဆီးရမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.